25

7.7K 548 62
                                    

လောင်းရိပ်

(25)

လူတိုင်းက အချစ်ခံရဖို့
ထိုက်တန်ကြတယ်လို့သူများတွေက
ပြောကြတယ်...
ဒါဆို ကျနော်ကရော
လူသားတွေထဲက လူသားတစ်ယောက် ဖြစ်တဲ့
ကျနော်ကရော နူးညံ့တဲ့ ချစ်ခြင်းတွေနဲ့
ထိုက်တန်တယ် မဟုတ်လား???

ကံကြမ္မာ လှည့်ကွက်တွေအရ...
အကောင်းနဲ့ အဆိုးက ဒွန်တွဲနေတာဆိုရင်
အဆိုးတွေ အားလုံးပြီးသွားတဲ့ နောက်မှာ
ကျနော့်အတွက် ပျော်ရွှင်စရာလေးတွေ
ရှိလာဦးမယ် လို့
မျှော်လင့်လို့ ရနိုင်မလား......

ကံကြမ္မာ လှည့်ကွက်အရမဟုတ်ပဲ
အတိတ်ဘဝက ရှိခဲ့တဲ့
ဝဋ်ကြွေးတွေ အရဆိုရင်....
ကျနော် ဘယ်အချိန်ထိ
ကြေအောင်ပေးဆပ်နေရမှာလဲ.......

လူတစ်ယောက်ကို ဘဝကြီးတစ်ခုလုံးနဲ့ရင်းပြီး
ချစ်ဖူးကြလားဟင်....
ကျနော်ကတော့ ချစ်ဖူးတယ်....
သိပ်တော့ ပျော်စရာမကောင်းဘူးဗျ
ကိုယ်ချစ်ရင် ချစ်ပေးသလောက်
ပြန်မရပဲ အချစ်တွေ
အပေါစားဆန်သလိုဖြစ်သွားခဲ့ရင်
အရမ်းနာကျင်ရတာမို့ ......😔

.....................................................................

ဒီမနက်တော့ အစောကြီးနိုးနေခဲ့တာ....
ဟင့်အင်း....အမှန်အတိုင်းပြောရရင်
ကျနော် တမင် အစောထခဲ့တာ....

မောင့်အတွက် မနက်စာကို ကျနော်ကိုယ်တိုင်
ပြင်ဆင်ပေးချင်လို့လေ.....

ချစ်တဲ့စိတ်က အနိုင်ရပြီးနောက်မှာ
အသေးအဖွဲ ကိစ္စ လေးတွေကအစ
ကိုယ်တိုင် လုပ်ပေးချင်လာခဲ့တာ....

မတောင်းဆိုပါပဲ အသွေးအသားထဲက
အရူးအမူးချစ်တဲ့ စိတ်ကြောင့်
ကျနော် မြတ်နိုးရတဲ့ လူသားလေးအတွက်
အပင်ပန်းခံချင်မိတဲ့ ကျနော်....

ရူးတယ်ပြောလဲ ပြောပါစေ....
ကျနော် ကျရူံးသွားခဲ့တာကို......

ကျနော်လိုချင်ခဲ့တဲ့ ဘဝလေးက
ရိုးရိုးရှင်းရှင်းလေးပဲ....
ချစ်တဲ့ သူနဲ့အတူ
ပျော်ရွှင်စရာ နေ့ရက်တွေကို
အတူကျော်ဖြတ်မယ်.....
ပြသာနာတွေကိုနှစ်ယောက်အတူရင်ဆိုင်ကြမယ်

မနက်ခင်းလေးမှာ တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီး မနက်စာစားမယ်....
ညမိုးချုပ်ရင် ချစ်ရသူရဲ့
ရင်ခွင်ထဲမှာ မှေးစက်မယ်....

လောင်းရိပ် Where stories live. Discover now