40

8K 572 48
                                    

လောင်းရိပ်

(40)

ဖုန်းထဲမှ Yoongi ပေးလိုက်တဲ့
Jimine ငယ်ငယ်ကပုံလေးကို
ထုတ်၍ကြည့်ကာ...တစ်ကိုယ်တည်း....
ပြုံးမိနေစဥ်မှာပဲ....တိုက်တိုက်ဆိုင်ဆိုင်
Company ထဲသို့ ဝင်လာခဲ့တဲ့
ကျနော် ချစ်မိနေသူလေး.....

ခြေလှမ်းတိုင်းက ကြွကြွရွရွလေးရယ်...
ဆံပင်တွေကို သပ်တင်ရင်း....
တလှမ်းချင်းလှမ်းလာတဲ့ ပုံလေးက.....
အရမ်းကို ကဗျာဆန်လွန်း၍
တမေ့တမော ငေးနေမိသည်.....

ငေးနေမိတာက ကျနော် တစ်ယောက်တည်းတော့
မဟုတ်ဘူးဗျ....
Company မှာ သန့်ရှင်းရေးက စလို့...
Security တွေ အဆုံး....
Jimine ကားပေါ်က ဆင်းလာတာနဲ့....
တမေ့တမောပဲ .....
ရှိသမျှအလုပ်
အကုန်ပစ်ချပီး...ငေးကြတာ....

သူတို့ အပြစ်တော့လဲ မဟုတ်ဘူး.....

ကောင်လေးက ငေးချင်စရာလေးလေ....

လှလွန်းတဲ့ ကောင်လေး အပြစ်သာ.....

"Morning Jimine.... ''

ကိုယ့် အနားရောက်လာတော့ ....
ပြုံးရွှင်စွာ
နူတ်ဆတ်လိုက်ပီး....လက်ထဲမှ
File တွေနဲ့ Laptop အား ကူ၍
ယူပေးလိုက်တော့....

Jimine:"Morning Chan...ပြုံးပျော်နေပါလား..
ဒီနေ့...ကိစ္စ ကောင်းတွေရှိခဲ့လို့ထင်တယ်...''

သာမာန်ထက်ပို၍ ပြုံးပျော်နေသော
Chan ကြောင့် စိတ်ဝင်တစားလေး
မေးလိုက်မိတော့
ခေါင်းကို ညိမ့်ကာ....

Chan:"ဟုတ်တယ်...ကျနော့် ချစ်တဲ့သူရဲ့
အမှတ်တရလေးတစ်ခု ကျနော်ရလာခဲ့လို့...''

ကျနော် ချစ်နေမိသူရဲ့ မျက်နှာလေးကို
စေ့စေ့ကြည့်ပီး ပြောချလိုက်တော့...

ကျနော်သာ အားမွေးပီး ပြောလိုက်ပေမယ့်
သူလေးကတော့ ရိပ်မိမယ် မထင်....

ကျနော် ချစ်နေမှန်းတောင် သူလေး မသိတာလေ
သူ့ကို ရည်ညွှန်းပြောမယ်မှန်းလဲ သိမှာမဟုတ်...

ဖုန်းထဲမှ ခင်ဗျားလေးရဲ့ ပုံလေးကြောင့်ပါလို့
ပြောလိုက်ရင် ကျနော့်ကို
ပါးများထရိုက်မလားမသိ.....

Jimine:"ဟင်...တကယ်လား...
ဒါကြောင့် Chan က အခုတလော
ပြုံးရွှင်နေတာကိုး....အဆင်ပြေပါစေဗျာ...."

လောင်းရိပ် Where stories live. Discover now