လောင်းရိပ်
(17)
ကိုယ်ဘဝကိုယ်တောင် တခါတလေ
မုန်းမိတယ်......သူများအပေါ်ဆို
အမြဲတွေးပေးကောင်းပေးလွန်းလို့များ.....ငါဟာ အပေါစားဆန်သွားခဲ့တာလား.....
လှောင်ရီသံတွေ နဲ့ အဝေးဆူံးကို ငါ.....
ထွက်ပြေးချင်မိပြီ......ဘာလို့လဲ.....ဘာလို့ အမြဲပဲငါလဲ.......😔
.....................................................................
"ကားပေါ်က ဆင်းး......''
ကားကို ကြမ်းတမ်းစွာမောင်းလာပီး...
အိမ်ကို ရောက်တော့ Jeon က
ကားပေါ်က ဆင်းရန် အမိန့်ပေးလာသည်....မနေချင်လို့....မနေနိုင်တော့လို့.....
အားကုန်ရုန်းပီး ထွက်ပြေးခဲ့ပါသော်လည်း....
ဝဍ်ကြွေးတွေ ရှိနေသေးသလား....
ဒီသံသရာ ကိုပဲ ပြန်ရောက်လာကာ....
မလွန်ဆန်နိုင်ခဲ့.......ကိုယ့်ဘဝကိုယ်ပင် မပိုင်.....
သူများလက်ထဲမှာ အရုပ်ကလေး
တစ်ရုပ်လို စေလိုရာစေနေရသော....
ဘဝ.....မနေချင်ပါဘူးဟု တဇွတ်ထိုးဆန်ပီး
ပြေးထွက်ချင်ပါသော်လည်း.....
ချည်နှောင်ထားသော
ကြိုးတွေနဲ့.... အင်အားမမျှခြင်းတွေကြောင့်
ဘယ်လိုမှ မတတ်နိုင်ခဲ့.....အပူလောင်ထားသော အနာကို
ခုထိဆေးမထည့်ရသေး.......အနာရှိန်ဖြင့် ကိုယ်အပူချိန်က.....
တတ်လာသည်ထင်သည်
တစ်ကိုယ်လုံး အားမရှိ ကိုင်ရိုက်ထားသလိုပင်ခြောက်ကပ်နေသော လည်ချောင်းနှင့်
ကောင်းကောင်းရပ်လို့ပင် ....
အဆင်မပြေနိုင်တော့သော
ခြေထောက်တွေကို အားယူ၍
ကားပေါ်မှ ဆင်းရန်ကြိုးစားကာ....Jimine:"ငါအနာရှိန်ကြောင့် ဖျားတော့မယ်
ထင်..တယ်....''Jeon:"ဆင်း..park jimin..မင်းအကောင်ရှေ့မှာ
ငါ့ကို ပါးရိုက်ဖို့တောင် အားရှိသေးတာပဲ...
အခုမှ မာယာတွေ နဲ့ သိမ်းသွင်းဖို့ မကြိုးစားနဲ့''ထင်သည့်အတိုင်း Jeon ရဲ့ နူတ်က...
ကြမ်းတမ်းသော စကားတွေကသာ
အရင် လာသည်....အနည်းငယ်လေး ရှင်းပြနိုင်ဖို့
မျှော်လင့်မိသော်လည်း...Jeon က
သူ့အကျင့်အတိုင်း လူကို နှိပ်စက်
အနိုင်ကျင့်ပီးမှ ကျေနပ်မည့်အလား....