34

7.1K 520 41
                                    

လောင်းရိပ်

(34)

"Jeon jungkook!!...''

တံခါးမခေါက်ပဲ ဒေါသတကြီး နှင့်
အော်ဟစ်ဝင်ချလာသော Jimine ကြောင့်
Jeon တစ်ယောက် လန့်သွားကာ...
သောက်လက်စ အရက်ခွက်ကို
ကိုင်ထားရင်းနဲ့ မှ ကြောင်ကြည့်နေမိသည်.....

Jeon:"အင်..အင်း....Jimine...''

Jimine:"မင်းအလုပ်ကိုဘယ်လိုလုပ်နေတာလဲ''

Jeon:"မောင်... ဘာလုပ်မိလို့လဲ...jimine...''

Jimine:"ဘာလုပ်မိလဲ ဟုတ်လား....
ဒီမှာ မင်းလက်မှတ်ထိုးပေးလိုက်တဲ့
စာချုပ်တွေ...တချက်တောင် ပြန်မစစ်ပဲ
မင်းဒီအတိုင်း
လက်မှတ်ထိုးပေးလိုက်တာမဟုတ်လား
အကုန်အမှားတွေ ချည်းပဲ..... ''

လုပ်ငန်းရှင်တွေနဲ့ Meeting မှာ အချေအတင်
စကားပြောကြစဥ် Jeon လုပ်ထားသော
စာချုပ်တွေ အကုန်လုံးမှာ မှားနေ၍....
လူပုံအလယ်မှာ တော်တော်
မျက်နှာပျက်ခဲ့ရသည့်အပြင်.....အလုပ်ကိစ္စ တွေ
အဆင်မပြေခဲ့တာကြောင့်....
ဒေါသထွက်ကာ...
လာရောက်သောင်းကြန်းခြင်းဖြစ်သည်...

မဟုတ်လျှင် အကုန်အဆင်ပြေနေမယ့်
ကိစ္စ က အခုတော့ ဒင်းကြောင့်
တစ်ခါထဲနှင့် မပီး....

ဒေါသကြောင့် ကြောက်တဲ့ စိတ်လဲမရှိတော့...
အလုပ်နှင့်ပတ်သတ်လျှင် လောဘကြီးတတ်သူ
ဖြစ်တာကြောင့် အခုလို အခြေအနေက
တော်တော်လေး စိတ်ပျက်ဖို့ ကောင်းနေသည်....

Jeon:"မောင်မှ စရင်းမကိုင်တတ်တာ....
ပီးတော့ Jimine က မောင့်ကိုမှ မသင်ပေးတာ...
မောင်လဲ ကြိုးစားပီး စစ်ထားတာပဲကို....''

Jimine:"မင်းကြိုးစားစစ်ရင်
ဒီလောက်ထိလွဲနေမလား....Jungkook
ပီးတော့ အလုပ်မှာ
အရက်ခွက် ကိုင်ပီးနေတဲ့ မင်းကို....
လက်အောက်ငယ်သားတွေ က လေးစားမလား
မင်းတော်တော် စိတ်ပျက်ဖို့ ကောင်းတာပဲ..''

Meeting မှာ အဆင်မပြေခဲ့သမျှဒေါသတွေ
အကုန်လုံး ပုံချပစ်ကာ...ပြောလိုက်သော
Jimine ကြောင့် မျက်နှာပျက်သွားကာ...
ပြန်လဲ မပြောရဲ ဖြစ်နေသော Jeon....
မျက်နှာလေးငယ်၍မလူပ်မယှက်ထိုင်နေမိသည်
ဒေါသကြောင့် အကြည့်တွေ စူးရှကာ...
ခက်ထန်သော မျက်နှာထားနှင့် Jimine ကို
ပြန်မကြည့်ရဲ...ပြန်လဲ မချေပရဲ....

လောင်းရိပ် Where stories live. Discover now