လောင်းရိပ်
(18)
အချစ်ခံရတဲ့ လူသားတွေကို...
အားကျလိုက်တာ...ကိုယ်တိုင်က အချစ်မခံခဲ့ရဖူးသူဖို့
တကယ်ကို အားကျမိတာပါ...ဘဝမှာ တစ်ခါလောက်ပဲ နွေးထွေးတဲ့
ချစ်ခြင်းတွေနဲ့ အချစ်ခံချင်မိတယ်......တကယ်ကို တခါလေးပါပဲ......😔
.....................................................................
အဖြစ်အပျက်ဆိုးတွေ ကုန်လွန်ပီးနောက်မှာ....
တစ်နည်းအားဖြင့်....ဆိုရလျှင်...
Jeon က သူ့စိတ်တိုင်းကျ မင်နီးလေးကို
အနိုင်ယူပီးနောက်မှာတော့ ....
ကျေနပ်စွာဖြင့်......
အရက်ပုလင်းကို လက်မှကိုင်ကာ
အောက်ထပ်သို့ ဆင်းလာခဲ့သည်....အခြေအနေကို စောင့်ကြည့်နေသူ
အဒေါ်ကြီးက Jeon ကို မြင်တာနဲ့
မင်နီးလေး အတွက် စိုးရိမ်လှ၍....
ရှေ့တွင် ပိတ်ရပ်လိုက်ကာ...."သခင်လေး Jeon... အကိုလေးကို
ကျမတို့ ဆေးရုံခေါ်သွားသင့်ပါတယ်...
ဒီပုံစံအတိုင်းဆို...အဆင်မပြေနိုင်လို့ပါ...''ရှေ့မှ ရပ်ကာ မင်နီးလေးကို
တကယ်စိတ်ပူနေဟန်ဖြင့် ပြောလာခဲ့သော
အဒေါ်ကြီးကို Jeon တချက်မျှသာ
စိုက်ကြည့်ပီး...Jeon:"ဆရာဝန်ခေါ်ပေးလိုက်...''
"ဒါ..ဒါပေမယ့်...''
Jeon:"အဒေါ်ကြီး...ကျနော်ခိုင်းသလိုပဲလုပ်...
ဘယ်ဆေးရုံမှ သွားစရာမလိုဘူး...
အဲ့လိုမလုပ်ချင်ရင် ဒီတိုင်းသေအောင်
ပစ်ထားလိုက်..''သခင်လေး Jeon ရဲ့ စကားတွေဟာ ပြင်းထန်လှပါသည်...
ဘာပြသာနာတွေ ရှိခဲ့လို့ သခင်လေးက
အကိုလေးအပေါ် ဒီလောက်ထိ
အငြိုးကြီးနေလဲ မသိပါ.......
ဒါပေမယ့်လဲ သခင်လေး
အရမ်းလွန်နေကြောင်းကို တစ်အိမ်လုံးကသိ၍
အကိုလေးကိုသာ သနားစိတ်ပိုရသည်...."ကျမဆရာဝန်ခေါ်လိုက်ပါ့မယ်...''
ဘာမှ မလုပ်နိုင်တာထက်စာရင်....
ဆရာဝန်ပဲ ဖြစ်ဖြစ်ခေါ်တာက အနည်းငယ်တော့
သက်သာရာရစေမှာအမှန်ပင်...