33

7.5K 526 60
                                    

လောင်းရိပ်

(33)

အငြိုးကြီးစွာ မုန်းတီးဖို့ ကြိုးစားသော်လည်း
ထိုလူသားထံမှ ရုန်းထွက်မရ....
မုန်းဖို့ မေ့ဖို့ ကြိုးစားမိလေ....
ပို၍ တွယ်ငြိလာလေ....

နောက်ဆုံးတော့ ဒူးထောက်အရူံးပေးရတာပါပဲ
မေ့ပစ်ဖို့ အတွက်......
ကျနော်မှ....မတတ်နိုင်တာ....

အရာအားလုံးကို ငွေနဲ့ သိမ်းယူရင်
ရနိူင်တယ်လို့ ထင်ခဲ့ပေမယ့်....
အခုတော့....ကျနော် ထင်ခဲ့တာတွေ
သိပ်မှားနေကြောင်းသိခဲ့ ရတယ်.....

Jimine ဆိုတဲ့ လူသားလေးနဲ့.....
ပတ်သတ်ပီးနောက်မှာ...ကျနော် ပိုင်ဆိုင်တဲ့
အရာတွေက အသုံးမဝင်ဘူးဆိုတာ...
ပိုပိုပီးသိလာခဲ့တယ်.....

ရုပ်ဝထ္ထုအရာတွေပုံပေးဖို့ ကြိုးစားပီး
ချည်းကပ်လေ...သူနဲ့ ကျနော်ပိုပီး
ဝေးကွာ သွားရလေပဲ......

လူတိုင်းက ကြောက်ရွံ့ရတဲ့....
လူမိုက်ဘွဲ့ရ ကျနော်က....
Jimine ဆိုတဲ့ ကောင်လေးကို
မျက်လုံးချင်းဆုံပီး ရင်မဆိုင်နိုင်ဘူးဆိုတာ
ခင်ဗျားတို့ သိရင် လှောင်ရယ်ကြမလား....

ဒါဟာ တကယ်ပါ.....
ကျနော့်လုပ်ရပ်တွေကြောင့်
အားနည်းတဲ့ကောင်လေးကို
ကျနော်ရင်ဆိုင်ရမှာ သိပ်ကြောက်နေမိပီ....

ချစ်လွန်းလို့... သိပ်ချစ်လွန်းလို့.....

မင်းဆိုတဲ့ လူသားလေးကို သိပ်မြတ်နိုးလွန်းလို့...
ဘယ်သူနဲ့မှ ခွဲမပေးနိုင်ဘူး.....
အရာရာကို ကိုယ်ပဲ အရယူချင်တာ...
မြတ်နိုးချင်တာ.....
ယုယချင်တာ.......

အေးစက်နေတဲ့ ကိုယ့်နှလုံးသားကို
အသက်သွင်း..ချစ်တတ်အောင်သင်ပေးခဲ့တယ်..

သိပ်လှလွန်းပီး သိပ်ချစ်စရာကောင်းတဲ့
မင်းရဲ့ အပြုံးလေးတွေက
ကိုယ့်ကို ရူးခါစေတယ်....

အရမ်းကို နူးညံ့လွန်းတဲ့ မင်းရဲ့
စိတ်ထားလေးက... ကိုယ့်နှလုံးသားတစ်ခုလုံးကို
သိမ်းပိုက်ထားပြန်တယ်....

ကိုယ့်ကို ဒီလောက်ထိ စွဲလမ်းမိအောင်....
ဆွဲဆောင်ပီးမှ အဝေးကို ထွက်ပြေးမယ်ဆို...

အ​သေသတ်သွား...
ရင်ကိုဓားနဲ့ ခွဲပီး .....မင်းပိုင်တဲ့ ကိုယ့်ရဲ့
နှလုံးသားကို ...အပြီးအပိုင်....
ထုတ်ယူသွားပေးပါ......

လောင်းရိပ် Where stories live. Discover now