16

8.8K 645 52
                                    

လောင်းရိပ်

(16)

မင်းရဲ့ ဖြစ်တည်မူက ကိုယ့်အတွက်မှမဟုတ်ရင်
ဘယ်သူ့အတွက်မှ မဖြစ်ရဘူး....

တစ်ကိုယ်ကောင်းဆန်တယ်ပြောပြော...
အနိုင်ယူတယ်ပြောပြောပါ.....
လက်ခံနိုင်တယ်...

ကိုယ့်အတွက်ပဲ ရှင်သန်ပေးပီး...
ကိုယ့်ကိုပဲ ကြည့်ပေး........

ဒီလောက်ဆိုရင် လုံလောက်ပြီ....♥

.....................................................................

Hara:" ငါ့မွေးနေ့ပွဲ အတွက်....
သေချာစီစဥ်ထားလား''

"ဟုတ်ကဲ့ မမလေး..''

လာမယ့်နေ့ sunday ဆိုလျှင် Hara ရဲ့
26 နှစ်ပြည့် မွေးနေ့ကို ရောက်ပီဖြစ်သည်..။

မာနကြီးပီး အဆင့်အတန်းမက်သူ ပီပီ
မွေးနေ့ပွဲကိုလဲ... ခြိမ့်ခြိမ့်သည်း ကျင်းပကာ
နာမည်ကြီး စီးပွားရေး သမားတွေ...
နာမည်ရှိပီးသား သရုပ်ဆောင်တွေကအစ...
အကုန်လုံး လူကုန်ထံ အသိုင်းအဝိုင်းတွေကိုပဲ
ဖိတ်ထားကာ.....
အကုန်လုံးမှာ အလုပ်များနေကြရသည်...

Hara အဖေနှင့် အမေမှာလဲ.....
တစ်ဦးတည်းသော သမီးဖြစ်သည့်
Hara ကို အရမ်းချစ်ကြကာ...မွေးနေ့ပွဲအား
လိုလေသေးမရှိ စိတ်တိုင်းကျ
စီစဥ်စေလေသည်...။

Hara:"ငါခိုင်းထားတဲ့ Jimine အကြောင်းရော
ရပီလား....''

"Jimine ကအခုလက်ရှိ bar ဆိုင်မှာ စားပွဲထိုး
အလုပ်လုပ်နေပါတယ် မမလေး..''

Hara:"စားပွဲထိုးအလုပ်ဟုတ်လား....ဟင်း..
အောက်တန်းကျလိုက်တာ...''

ပိုက်ဆံရှိတဲ့ အသိုင်းအဝိုင်းမှ လာသည်မို့
သူတပါးအပေါ် ထားသည့်စိတ်ဓာတ်က
အလွန်သေးနုပ်သလို....
မတူသလို မတန်သလို....
ဆက်ဆံတတ်သည်မှာလည်း မဆန်းပေ...။

Hara:"ငါ့မွေးနေ့ပွဲ အတွက် လိုအပ်တဲ့
စားပွဲထိုးတွေကို အဲ့ဒီ bar ကနေလိုချင်တယ်..
Park jimin နာမည်လည်းပါပါစေ.....
မန်နေဂျာကို သေချာပြော...ငါမွေးနေ့ပွဲအတွက်
သူတို့ဆိုင်က ပစ္စည်းတွေကို သုံးမှာမို့...
စားပွဲထိုးကိုလည်း...ငါအဲ့ဒီကပဲလိုချင်တယ်လို့''

"ဟုတ်ကဲ့ မမလေး...''

Hara:"ငါ့အကြောင်းသိရသေးတာပေါ့...
အနှိမ်ခံဘဝက ဘာလဲဆိုတာကို
သေချာပြပေးမယ် Park jimin...''

လောင်းရိပ် Место, где живут истории. Откройте их для себя