Part-13 (Zawgyi & Unicode)

Start from the beginning
                                    

"တစ်ယောက်ထဲ ပင်ပန်းနေပြီလား?..."

"စီနီယာ!...ဘယ်လိုပြန်ရောက်လာတာလဲ"

လွှမ်း...စီနီယာ့ကိုအိမ်ပြန်သွားပြီထင်နေပေမယ့် အခုတော့ဒီဘက်အိမ် ပြန်ရောက်‌လာပြီဖြစ်သည်။

"ပေး!..ကိုယ့်ကို လက်အိတ်ပေး။ ကိုယ်ဆေးလိုက်မယ်။"

"ဟာ!..မဟုတ်တာ လွှမ်းဆေးပါ့မယ်။"

"ကိုယ့်ကိုပေးလို့ဆို။ မင်း အခုနကလည်း အကို့ကို ဝိုင်းလုပ်ပေးထားရသေးတယ်မလား။နား‌လိုက်လေ။"

"စီနီယာက ပန်းကန်ဆေးတတ်လို့လား?.."

"ကိုယ် အိမ်သစ်ကို စမပြောင်းလာခင်က သင်ထားပါတယ်။"

လွှမ်း ပန်းကန်ဆေးနေရင်းတန်းလန်းနဲ့ ဘေးကလူကို မော့ကြည့်မိသည်။ ပန်းကန်ဆေးတာကိုတောင် သင်ထားရတယ်ဆိုတော့ လွှမ်း ဆွံ့အမိသည်။ တစ်ဖက်တွင်လည်း လွှမ်းပင်ပန်းနေတာကို စီနီယာကသိနေသည့်အတွက် လွှမ်းရဲ့ မျက်၀န်းအိမ်ထဲကျေနပ်ခြင်းတရားတွေ အပြည့်နဲ့ရယ်။

"ဘေးဖယ်!.."

"အင်း!...ကျေးဇူးဘဲ။" လွှမ်း ၀တ်ထားတဲ့ လက်အိတ်ကြီးကို ချွတ်ပေးပြီး စီနီယာ့ကိုပေးလိုက်သည်။ ထို့နောက် လွှမ်းဘေစင်ဘေးနားက ကျောက်ပြားကိုမှီလိုက်သည်မို့ စီနီယာနဲ့ မျက်နှာချင်းဆိုင်ဖြစ်သွားရသည်။

"စီနီယာ!...ဒီလိုတွေဆက်ကောင်းနေမယ်ဆို ရှေ့ဆက်အဆင်မပြေတော့ဘူးရယ်။"

သူနဲ့ဘယ်‌လောက်မှမဝေးသည့် မျက်နှာချင်း ဆိုင်နားမှာ လက်ပိုက်ကာမှီရင်း အစမရှိ၊အဆုံးမရှိ စကားတို့ကိုဆိုလာသည်။

"ဘာလို့လဲ?..."

"လွှမ်းအပျင်းကြီးသွားလိမ့်မယ်။ အထူး သဖြင့် လွှမ်းရဲ့ဘ၀မှာ ကိုယ့်ကိုဘဲအားကိုး‌ ပြီးနေခဲ့တာ။ ဦးငယ်ကတော့ ချို့ယွင်းချက်ဖို့၊ အခု စီနီယာကပါသည်လိုတွေကောင်းနေတော့...လွှမ်း"

*ရှူး!...*
"ဘာမှစိတ်မပူနေနဲ့၊ ရှေ့လျှောက်လည်း ကိုယ်ကမင်းဘေးနား ဒီလိုရှိသွားမှာ။"

*မင်းရဲ့ အားကိုးရာလေးအဖြစ်ပေါ့၊ မင်းရဲ့စိတ်ပင်ပန်းတဲ့အချိန်တွေမှာကော၊မင်းလေး ပျော်ရွှင်ရတဲ့ အခိုက်တန့်တွေမှာရော* ဒီစကားတို့ကိုတော့ မဟာ သူ့စိတ်ထဲကနေဘဲ ဆက်ပြောဖြစ်လိုက်သည်။

She is mine (သူမကငါ့အပိုင်) {Complete}Where stories live. Discover now