ဝင်္ကပါ (မှတ်တမ်း - ၁၅)

Start from the beginning
                                    

ဒါပေမဲ့ ကင်မရာထဲကို သေချာကြည့်ပြီးတာနဲ့
ယွန်းဂီ ၊ ဂျောင်ကု နဲ့ ထယ်ယောင်း  တစ်ယောက်နဲ့ တစ်ယောက် ချက်ချင်း မျက်စပစ်ကာ ကြည့်မိလိုက်ကြတော့တယ်။

ဂျီမင်းကတော့ ကင်မရာမြင်ကွင်းထဲက
သရဲမကြီးပုံရိပ်အား ကြည့်ပြီးတာတောင်မှ ကြောက်လန့်သွားခြင်းမရှိတဲ့ သူတို့ရဲ့အသွင်ကြောင့် အံ့သြသွားတဲ့ပုံလေးအဖြစ် ပြောင်းလဲသွားတယ်။

"ကင်မရာမြင်ကွင်းထဲမှာ
အိမ်သာ ကလွဲပြီး ဘာမှ မရှိဘူးလေ ဂျီဂျီ ရာ့ "

ဂျောင်ကု ရဲ့ အပြောကြောင့် ဂျီမင်း ပိုပြီး အံ့သြသွားတယ်။

အဲ့ဒါကြောင့်လဲ ကင်မရာထဲကို သူပြန်ကြည့်လိုက်မိတယ်။

သူတို့ပြောသလိုပဲ ဘာမှ ရှိမနေတော့ ။

အခုနကထိ သူမြင်တွေ့ခဲ့ရတဲ့ သရဲမကြီးက အခုတော့ ဘယ်ရောက်သွားတာလဲ ။

ကြောက်မက်ဖွယ် ခြောက်လှန့်မှုကြီးက သူတစ်ယောက်ထဲကိုတဲ့လား ။ ဘယ်လိုတောင် ထိတ်လန့်စရာကောင်းတာ။

အခြေအနေအရပ်ရပ်ကို ဂျီမင်း သေချာ နားလည်သွားပြီးနောက်တော့ ကျန်သူများအားလုံး သိစေရန် သူကြုံတွေ့ခဲ့ရသမျှကို အိတ်သွန်ဖာမှောက်
မခြွင်းမချန် အကုန်ပြောပြလိုက်တော့တယ်။

မျက်လုံးလေးအဝိုင်းသားနဲ့ နားထောင်နေတဲ့
သူတို့ကတော့ ထိတ်လန့်ခြင်း ကြောက်ရွံလာခြင်းတွေလဲ ရောစပ်လို့ပေါ့ ။

သို့ပေမဲ့ အတိအကျ သက်သေပြနိုင်ရန် ဂျီမင်း ရိုက်ကူးခဲ့တဲ့ Video လေးကို
ပြန်ကြည့်ရာမှာတော့ ထိုသရဲမအား ဂျီမင်း ရိုက်ကူးမိတယ်လို့ သေချာပေါက် ထင်ခဲ့ပေမဲ့ Video ထဲမှာတော့ ဘာထူးခြားမှု မှ မရှိတဲ့ အိမ်သာခန်းလွဲပြီး
တခြားဘာမှ ပါဝင်ခြင်း မရှိခဲ့ပါဘူးတဲ့လေ ။

အိပ်သာထဲမှာ ရေတွေယိုစိမ့်ကျဆင်းလာတာမျိုးလဲ မရှိသလို ၊ အိမ်သာထဲဝယ် ခေါင်းငိုက်စိုက်ကျလျက်အနေအထားဖြင့် တောင့်တောင့်ကြီး မတ်တပ်ရပ်နေတဲ့ သရဲမကြီးလဲ မရှိခဲ့ပေ။

သူသေချာပေါက် ကင်မရာမြင်ကွင်းထဲမှာ တွေ့နေခဲ့ရတဲ့ ထိုအရာအားလုံးဟာ ခုတော့ အစအနတောင်
မကျန်ရစ်လောက်အောင် ဘာမှမရှိလေတော့တာက တကယ်ကို ယုတ္တိမရှိလွန်းတာ မဟုတ်ပါလား။ ဘယ်လိုတောင် သူ့အပေါ်ကို မျက်လှည့်ပြလိုက်လေတာ။

ဝင်္ကပါထဲက သရဲစံအိမ် [Completed]Where stories live. Discover now