ဝင်္ကပါ (မှတ်တမ်း - ၁၄)

3.1K 579 265
                                    

Unicode 📌

"ဝင်ပြီးရင် ပြန်ထွက်ခွင့်မရှိ
အဲ့ဒါ ဒီစံအိမ်ရဲ့ ကျိန်စာပဲ"

နားထဲ ထပ်ခါထပ်ခါကြားနေမိသည်မှာ Admin ပြောသွားသော ဤစံအိမ်ရဲ့ ထူးခြားမှုဖြစ်စဉ်ကြီးအကြောင်းသာ ဖြစ်သည်။

ထိုအတူ Admin ဘိုးတော် တာဝန်ပေးအပ်သွားလေတဲ့

"ပွင့်ပွင့်လင်းလင်းပြောရရင် ငါအဓိက ပေးချင်တဲ့ အထူးတာဝန်ကတော့ စံအိမ်ထဲမှာ လျို့ဝှက် မြေအောက်ခန်း ရှိလားဆိုတာ ရှာပေးဖို့ပဲ
မင်းတို့တာဝန် မင်းတို့ ကျေပွန်ပါစေ "

ဆိုတဲ့ စကားသံကိုလဲ ဟိုဆော့ ပြန်ကြားယောင်နေမိရင်း ရှေ့ဆက်ရမဲ့ အရာတွေက ပိုပြီး ခက်ခဲလာတော့မည်ဆိုတာကို သူအလိုလို သိနေမိလေတော့တယ်။

ညကနက်လေ
ပိုပြီး အမှောင်ဆန်လေ
ရင်မောစရာ ပိုတိုးလေ
လမ်းပျောက်လေလေ ။

®®®® ဝင်္ကပါထဲက သရဲစံအိမ် ®®®®

စံအိမ်အပြင်ဘက် ခြံဝန်းနဲ့ မလှမ်းမကမ်းရှိ မြေနီလမ်းလေးပေါ်ဝယ် ရပ်ထားတဲ့ ကားထဲမှာတော့ Ghost House Page Admin နဲ့အတူ
သူ့တပည့် နှစ်ယောက်တို့ ရှိနေလေကာ

ကားထဲဝယ် နေရာတကျ တပ်ဆင်ထားတဲ့ Computer ကို အသုံးပြု၍ ခေတ်မှီနည်းပညာရဲ့ အကျိုးကျေးဇူး​ဖြင့် စံအိမ်အတွင်းမှ ကင်မရာနှင့် ချိတ်ဆက်ပြီး Video ရိုက်ကူးပေးပို့မှုကို တိုက်ရိုက် ကြည့်ရှုလျက်ရှိလေသည်။

စံအိမ်အတွင်းမှ ဦးဆုံးရိုက်ကူးမှုက စံအိမ်အောက်ထပ်ရှိ နမ်ဂျွန်း နှင့် သူ့သူငယ်ချင်း ၂ ယောက်တို့ဖြစ်ပြီး Horror Vlog တင်ဆက်နေကျသူတစ်ယောက်ကဲ့သို့ပင် နမ်ဂျွန်းရဲ့ အပြောအဆို ကျွမ်းကျင်စွာ ရိုက်ကူးတင်ဆက်ပြသနိုင်မှုကို Admin တို့ သဘောကျနှစ်ခြိုက်နေခဲ့မိကြတယ်။

ထို့ထက် ပိုထူးကဲစွာ သရဲအစစ်ကိုပါ Video အတွင်းဝယ် ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရလေတဲ့အပြင် သရဲတွေ့ချိန်မှာ ကြောက်လန့်တကြား ဟစ်အော်ရင်း ပြေးလွှားနေတဲ့ သူတို့ပုံရိပ်တွေက ပိုပြီး သက်ဝင်လှုပ်ရှားခဲ့လေတော့ Horror Video မှာ ရုပ်လုံးပိုကြွသွားခဲ့တယ်ဟု သူတို့ ထင်မြင်ယူဆလျက်ရှိတယ်။

ဝင်္ကပါထဲက သရဲစံအိမ် [Completed]Where stories live. Discover now