''သူ(မ)ကအဲ့လို ပွဲတွေတက်ပြီး လူရှေ့ထွက်ပြရတာမကြိုက်ဘူး အဲ့ဒါတွေက ကိုယ့်အဖေပဲလုပ်တာ ဪ ဒါနဲ့ ကျဲရော? ''

''နည်းနည်းပင်ပန်းတယ်လို့ပြောပြီးတော့ သူ(မ)အခန်းထဲ နားဖို့ အရင်ထွက်သွားတယ်''

ကျန်းမော့ချန် ဖုန်းကိုထုတ်ကာ ကျန်းရှင်းချန်ကို ဖုန်းခေါ်လိုက်သည်။ သိပ်မကြာခင်မှာပဲ ယန်းချင်းချီတို့ အခန်းတံခါးခေါက်သံ ကြားလိုက်ရလေသည်။ ယန်းချင်းချီ အခန်းတံခါးဘက် လက်ညှိုးထိုးပြကာ ကျန်းမော့ချန်ကို မေးလာသည်။

''ကျဲကျဲလား ''

ကျန်းမော့ချန် ခေါင်းငြိမ့်ပြရင်း ဖုန်းကိုအိတ်ကပ်ထဲပြန်ထည့်ပြီး

''သွားရအောင် နေ့လည်ရောက်နေပြီ နေ့လည်စာစားရအောင် ချီချီလည်း ဗိုက်ဆာနေမှာပေါ့ ''

ယန်းချင်းချီ စားလိုမကုန်သေးသည့် အချိုပွဲများကိုတစ်လှည့် သူတို့ပြောသမျှကို မျက်လုံးလေးပြူး၊မေးလေးထောက်ပြီး နားထောင်နေသည့် ချီချီကိုတစ်လှည့်ကြည့်ရင်း

''ချီချီ သား ထပ်စားနိုင်ပါ့ဦးမလား ''

ချီချီ ထိုအမေးကြောင့် စိတ်ညစ်သွားသည်။ သူ ယန်းချင်းချီအမေးကို ဘယ်လိုပြန်ဖြေရင်ကောင်းမလဲဟု စဥ်းစားနေသည့်ပုံနှင့် သူ့ဗိုက်ဖောင်းဖောင်းလေးကို လက်ဖြင့်ပွတ်ကြည့်နေလိုက်သည်။

ကျန်းမော့ချန်ကပါ လိုက်ပွတ်လာကာ

''ရပါတယ် ဗိုက်က အဲ့လောက် အပူကြီးမဟုတ်သေးဘူး နည်းနည်းတော့စားနိုင်ဦးမှာပါ ''

ချီချီကလည်း ကျန်းမော့ချန် ပြောတာမှန်သည်ဟု တွေးမိတာကြောင့်

''ချီချီ နည်းနည်းစားနိုင်သေးတယ် ''

ယန်းချင်းချီ ထိုတက်ကြွသည့်အဖြေလေးကို ကြားသည့်အခါ မရယ်ပဲမနေနိုင်ခဲ့။ သူ ကလေးနှာခေါင်းလေးကို ဆွဲညှစ်ပစ်လိုက်သည်။

သူတို့ရိုက်ကွင်းကနေ ထွက်လာလိုက်ကာ အပြင်မှာ နေ့လည်စာစားဖြစ်သည်။ ကျန်းမော့ချန် ကလေးဆော့ဖို့အတွက် လျှောက်ခေါ်သွားချင်သော်ငြား ဒီမြို့မှာ ဘာကနာမည်ကြီးမှန်း သူမသိပေ။ သူ ယန်းချင်းချီနှင့် တိုင်ပင်လိုက်သည့်အခါ အခုတလောနာမည်ကြီးနေသည့် ရုံတင်ကာတွန်းကားတစ်ကားကိုသာ ချီချီ့အား လိုက်ပြရန် ဆုံးဖြတ်လိုက်ကြသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||حيث تعيش القصص. اكتشف الآن