Part-11 (Zawgyi & Unicode)

Start from the beginning
                                    

"ဗျာ!...လွှမ်းခက်ချိုက အရင်လက်တွေဖယ်ရမှာလေ!..."

ဟုတ်ပါရဲ့။ ကြောင်ရမ်းရမ်းပြီးဘာတွေပြော‌မိနေလည်းမသိပေ။ လွှမ်းကသာ စီနီယာ့ကိုယ်ကြီးကို ဖိထားတာမျိုးဖြစ်သည်။

"Sorry!...Sorry စီနီယာ"

"ရပါတယ်ကွာ။ လာ အောက်ထပ်မှာ မင်းအတွက် ဆန်ပြုတ်၀ယ်ထားတယ်။"

"ခဏလေး!...စီနီယာက ဘယ်လိုရောက်လာတာလဲ"

"အကိုက ညကလာမှာသွားတာလေ၊ လွှမ်းဖျားနေလို့ တစ်ချက်လောက်ကြည့်ထားပေးပါဆိုလို့ ကိုယ်ရောက်နေတာ။"

သူတို့စကားပြော‌ရင်းနဲ့ပင် အောက်ထပ်သို့ဆင်းလာခဲ့လိုက်ကြသည်။

"ဒါဆို....စီနီယာ တစ်ညလုံးဒီမှာရှိနေတာပေါ့။"

"ကျိန်းသေတာပေါ့၊ ကိုယ်ဘဲရှိနေတာလေ။"

"လွှမ်းအတွက်နဲ့ စီနီယာပင်ပန်းသွားရပြီ။"

စီနီယာက လှေကားအောက်ဆုံးထစ်ကနေ မီးဖိုချောင်ခန်းဘက်သို့ ဆက်သွားဖို့လုပ်နေသည့် လွှမ်းရဲ့အရှေ့ကနေပိတ်ရပ်လိုက်သည်။ စီနီယာ့ရဲ့ ‌လွှမ်းထက်မြင့်သည့် ထောင်ထောင်မောင်းမောင်းအရပ်ကြီးကလွှမ်းကိုအုပ်မိုးလို့နေသည်။

*ဖက်ပ်* လွှမ်းရဲ့အနည်းငယ်အပူ‌ငွေ့ရှိနေ သေးသည့် နှာဖူးလေးသို့စီနီယာက မထိသာအောင် ဖွဖွလေးပုတ်လာသည်။

"ကိုယ်ကဘာကိုပင်ပန်းရမှာလဲ၊ မင်းကသာဖျားပြီး ပင်ပန်းထားတာလေ။ ဘာကြောင့် ကိုယ့်ကိုစိတ်မပူဘဲ ကိုယ့်ကိုလာစိတ်ပူနေတာ‌လည်း။"

"အော်!..သူစိမ်းတစ်ယောက်ကကိုယ့်ကို လာစောင့်ပေးတာကို အားနာရမှာပေါ့။"

"သူစိမ်း?...ကိုယ်ကသူစိမ်းပေါ့၊"

"ဟုတ်တယ်လေ၊ ညီမလည်းမတော်နိုင်ဘူးဆိုတော့ သူစိမ်းဘဲပေါ့။"

လွှမ်းက တံခါးဘောင်ကိုထောက်ထားတဲ့သူ့လက်မောင်းအောက်‌ကနေ ကိုယ်လေးကိုကိုင်းပြီး ခေါင်းလျှိုကာထွက်သွားလိုက်သည်။ ကောင်းမဟာတစ်ယောက် နှာခေါင်းတစ်ချက်ရှုတ်ရင်း သူမလေးအနောက်သို့‌ လိုက်ရတော့သည်။

လွှမ်း ထမင်းဝိုင်းပေါ်မှာ အဆင်သင့်တင်ထားတာတွေ့လိုက်သည့် အငွေ့တထောင်း ထောင်းနဲ့ဆံပြုတ်ပန်းကန်ဖြစ်သည်။ စား ဖွယ်ကောင်းအောင် ဆန်ပြုတ်ပေါ် ကြက်သွန်မြိတ်လေးပင် တင်ထားသည်။

She is mine (သူမကငါ့အပိုင်) {Complete}Where stories live. Discover now