ဝင်္ကပါ (မှတ်တမ်း - ၁၁)

Start from the beginning
                                    

"ဟင်"

"ငါကတော့ ပိတ်စကို ဆွဲလှန်ရဲဘူးနော်"

ဆော့ဂျင် အကြောက်အကန်ငြင်းလိုက်သလို ဟိုဆော့ကလဲ သူ့နည်းတူစွာ

"ငါလဲပဲ မလုပ်နိုင်ဘူး"

ပြတ်ပြတ်သားသား ငြင်းဆို၏ ။

"ငါ ဆွဲဖယ်ကြည့်ပါမယ်ကွာ ...
မင်းတို့က ငါ့ကို Video ပဲ ရိုက်ပေး"

နမ်ဂျွန်းထိုသို့ ပြောကာ ခုနက ဆော့ဂျင်အော်သံကြားလိုက်ရတုန်းက သူရိုက်နေဆဲ Video ကို Stop နှိပ်ကာ စားပွဲပေါ်သို့ ကင်မရာကို ပစ်ချခဲ့လိုက်တာကို သတိရပြီး ကင်မရာပြန်ယူရန် စားပွဲအနားသို့ တိုးကပ်သွားလိုက်လေတယ်။

ကင်မရာကို ကောက်ကိုင်လိုက်တာ Video ရိုက်ကူးရန် ဖွင့်လိုက်ပေမဲ့ ပွင့်မလာဘဲ အနက်ရောင် Screen ဟာ ပြောင်းလဲခြင်းမရှိခဲ့ ။

"ဟင် ... ဘာဖြစ်တာလဲ ပျက်ပြီလား"

နမ်ဂျွန်း စိတ်လှုပ်ရှားစွာ အော်ပြောလိုက်မိတယ်။

ကိုယ့်သူငယ်ချင်းအကြောင်း သိနေကြတဲ့ ဆော့ဂျင်နဲ့ ဟိုဆော့မှာတော့ ပြောစရာစကား ပျောက်နေဆဲ။

နမ်ဂျွန်းက စက်ပစ္စည်းတွေနဲ့ ပက်သက်လာရင် ထိုသို့ ဖြစ်နေကျမို့ ။ ဖုန်းဆိုရင်လဲ ခဏတိုင်း တွေ့ရာ နေရာ 'ဗျောကနဲ .. ဗြန်းကနဲ' ပစ်ပစ်ချထားတတ်ခဲ့တာ သူ့အကျင့်လိုတောင် ဖြစ်နေခဲ့ပြီမလား။
ဒါ့ကြောင့်လဲ ကျိုးပဲ့ ပျက်စီးသွားတာတွေက မနည်းမနော။

"အာ...  ရပြီ ... ရပြီ
ဟူး... တော်သေးတာပေါ့"

Screen ကနေ "SAMSUNG" Logo တက်လာကာ ပြန်ပြီး ပွင့်လာလေတော့မှ ဝမ်းသာအားရ အော်လိုက်လေတဲ့ နမ်ဂျွန်းအသံကြားပြီး ကျန်နှစ်ယောက်မှာလဲ သက်ပြင်းခပ်ယဲ့ယဲ့ ချနိုင်လေတော့တယ်။

"ရော့ ... ဘယ်သူ ကင်မရာကိုင်ပြီး ရိုက်မလဲ"

နမ်ဂျွန်းမှ ရိုက်ကူးရေး တာဝန်လွှဲပေးလာလေတော့ ဟိုဆော့နဲ့ ဆော့ဂျင် သူယူရကောင်းနိုး ငါယူရကောင်း တခဏမျှဖြစ်သွားပေမဲ့ ဟိုဆော့ကပဲ
'သူရိုက်ပါ့မယ်' ဆိုပြီး ကင်မရာကို လှမ်းယူလိုက်တယ်။

/ကင်မရာ ရိုက်ယုံပဲဟာ ... မကြောက်နဲ့ ဟိုဆော့
မကြောက်နဲ့/ ဟုလဲ စိတ်ထဲကနေ မိမိကိုယ်မိမိ အားတင်းရင်း ဆုံးမစကားဆိုထားလေတယ်။

ဝင်္ကပါထဲက သရဲစံအိမ် [Completed]Where stories live. Discover now