ဝင်္ကပါ (မှတ်တမ်း - ၁၀)

3.4K 604 389
                                    

Unicode 📌

ဝင်္ကပါထဲက သရဲစံအိမ်အတွင်း ပထမဆုံး မဲပေါက်ပြီး ကံထူးရှင်ဖြစ်ခဲ့သူမှာ 'သရဲလောက်ကတော့ တောက်ချပစ်လိုက်မယ်လို့ ကြွေးကြော်ထားခဲ့သူ ယွန်းဂီ' ဖြစ်ခဲ့ပြီးနောက် ဘယ်သူက အဘယ်သို့ ထပ်မံ ကြုံတွေ့ဦးမလဲ ဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။

မရည်ရွယ်တာတွေ
တွေ့နိုင်သလို
မျှော်လင့်မထားတာတွေ
ကြုံနိုင်မယ် ။

ဝိုးတဝါးလျှောက်တဲ့လမ်း
မှောင်မိုက်နေပေမဲ့
ရပ်တန့်ပစ်ဖို့တော့ စိတ်ကူးမရှိခဲ့။

®®®® ဝင်္ကပါထဲကသရဲစံအိမ် ®®®®

ယွန်းဂီကို စနောက်ရာကနေ အားလုံးရယ်မောဖြစ်ခဲ့သည်မို့ တခဏမျှတော့ ကြောက်စိတ်တွေ ကင်းစင်သွားသည်ဟု ဆိုရမည်။

သို့ပေမဲ့ အချိန်တော့ ထပ်ဖြုန်းနေလို့မဖြစ်။

တော်ကြာ ဝေါ်ကီတော်ကီစက်ထဲမှ Admin ရဲ့
တဂျစ်ဂျစ်ထနေတဲ့ အသံကြီး ထပ်ထွက်လာဦးမည် မဟုတ်လား ။

ဒါ့ကြောင့် အချိန်ဆွဲမနေတော့ဘဲ အဖွဲ့ခွဲထားသည့်အတိုင်း လုပ်ဆောင်ကြဖို့ ဟိုဆော့ နှိုးဆော်လိုက်တယ်။

သူ့စကားကို လိုက်နာပြီး ယွန်းဂီ ၊ ဂျောင်ကု ၊ ဂျီမင်း နှင့် ထယ်ယောင်း တို့ အပေါ်ထပ်သို့ လှေကားကနေ တက်သွားကြတော့တယ်။

အပေါ်သို့ အဖွဲ့နဲ့ သီးသန့်ခွဲသွားရတော့မည်မို့
ထယ်ယောင်း သူ့အိတ်ထဲက မီးအိမ်အသေးလေးကို ထုတ်လိုက်သလို ယွန်းဂီလဲ မီးချောင်းအငယ်စားလေးကို ယူလာသည်မို့ အဆင်ပြေသွားသည်။

ဂျောင်ကုနဲ့ ဂျီမင်း ကတော့ အပေါ်ထပ်မှာ ထွန်းဖို့
မီးမညှိရသေးတဲ့ ဖယောင်းတိုင် အသစ်တွေကိုပဲ ကိုင်ဆောင်ထားလေတယ်။

ဒီလောက်ဆို သူတို့အခန်း အလင်းရောင်ရဖို့ အတွက် လုံလောက်ပြီ မလားလေ။

ယွန်းဂီတို့အဖွဲ့ လှေကားဝယ် အခြေအနေအကဲခပ်ရင်းနဲ့ ခပ်ဖြေးဖြေးချင်း တဆင့်ပြီးတဆင့် တက်ရင်း အပေါ်သို့ ရောက်သွားပြီး ခြေသံတွေ အတန်ငယ်ဝေးကွာကာ ငြိမ်သက်သွားမှပဲ အောက်ထပ်မှာ ကျန်ခဲ့တဲ့ နမ်ဂျွန်းတို့အဖွဲ့လဲ လုပ်ငန်းစတင်ဖို့ ပြင်လိုက်လေတော့တယ်။

ဝင်္ကပါထဲက သရဲစံအိမ် [Completed]Where stories live. Discover now