ပြန်တွေ့ကတည်းကခုထိဆို သုံးလပြည့်သည်အထိ ရှင်းသူ့အိမ်သို့ပြန်နေသည်မှာ 10ရက်ပင်ပြည့်လားမသိ လွန်ခဲ့သောနှစ်လအတွင်းက တလပြည့်ရောနှစ်လပြည့်ရောမှာ ရန်ဖြစ်ထားကြသည် ခုလည်းဖြစ်နေပြန်သည်

ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဟာ ကိုယ့်အတွက်ကြည်နူးစရာပေမဲ့ ကလေးငယ်စိတ်ကုန်မှာစိုးသည်

ထိုအတွေးကို ကလေးဆီမှဝင်လာသော တာဝန်မပျက် အနားမရှိတိုင်းပို့ခဲ့သော...
Morning, Goodnight, Love you my beloved,ဆိုတာလေးတွေဟာ ချေဖျက်သလို ခုလည်း......

💬💬
Morning❤မ
#From Baby

အရမ်းချစ်စရာကောင်းလွန်းပါသောကလေးငယ်အား ကိုယ်ကအမြဲဆိုးခဲ့သည်လား

ချစ်ရသူလေးသည်လည်း Anniversaryနေ့မှာ ကိုယ်နှင့်ရှိစေချင်သည်မှာသေချာလိမ့်မည်

ယွန်းလည်းဖုန်းထုတ်ကာ...

Baby💫ဆိုသော contactလေးသို့.....

တီ! တီ!

"ဟယ်လို"

တစ်ဖက်မှချစ်ရသူအသံလေးကြောင့်အူယားသွားသည်

"Hello Baby"

ကိုယ့်မှာအမြတ်တနိုးခေါ်လိုက်သော်လည်း ကြားလိုက်ရတဲ့စကားကြောင့် ဖြတ်ရိုက်ချင်သွားသည်

"ဘယ်သူလဲ ဘာလာကြောင်နေတာလဲ"

ရှင်းစာကြည့်တိုက်မှာ စီးပွားရေးလမ်းညွှန်စာအုပ်များဖတ်နေရင်းဖုန်းလာ၍ ဖုန်းကိုမကြည့်ပဲ ဖြေလိုက်ပြီး ဟိုဘက်ကbabyဆိုပြီးလာခေါ်တာမို့ ဒေါသကထောင်းခနဲ စာအုပ်ဖတ်နေရင်း အနှောင့်အယှက်ဖြစ်ရင် သိပ်မုန်းသူပေမို့

ယွန်းမှာတော့...

"........"

"ဟိတ်....ဒီမှာ ဘာလာကြောင်နေတာလဲ.....သူများအနားယူချိန်မနှောင့်ယှက်ရပူးဆိုတာ နားမလည်ပူးလား"

"........."

"ဒီမှာ စကားပြောတတ်သေးလား...."

"ဟုတ်ကဲ့ရှင့်.....ရှင်လေးပြောလို့ပြီးပြီလား"

"ဟင်!...."

ရှင်းအခုမှ ဖုန်းကိုငုံ့ကြည့်မိသည်

'ဗုဒ္ဒေါ....မ..'

"ဟီး......ဟိုလေ.....မ~~"

"ဘာလဲပြော.....ဟောဒီကကျွန်မက ရှင်လေးကိုဘာလာကြောင်ရမှာလဲ"

Lovely Ma Ma ⚡💛⚡Where stories live. Discover now