(19)

855 102 1
                                    

ဆောင်းရာသီကိုမရောက်သေးပေမယ့်ညညဆို အေးစက်တဲ့လေ‌‌ အေးတွေကအမြဲတိုက်ခိုက်နေတာမလို့ အေးနေတတ်တယ်။ ဒါကြောင့်သူ့ရဲ့ မြွေသားရဲပုံစံ မြွေသေးသေးအဖြစ်ကိုပြောင်းပြီး ၀က်ဝံ သားမွေးတွေကြားထဲမှာ၀င်ခွေပြီးအိပ်လိုက်တယ်။ သူမှာအခြားသားရဲလူသားတွေနဲ့မတူညီစွာဘဲ သူ့ရဲ့ သားရဲ ခ န္ဓာကိုယ်ကို မူရင်းထက်တစ်ဆိုဒ် ကြီးလို့ရတယ် တစ်ဆိုဒ်သေးလို့ရတယ်။ လိုချင်သလိုအရွယ်အစားကြီးလိုက်သေးလိုက်တော့မလုပ်နိုင်ဘူး။

သူဆီမှာဒီလိုစွမ်းအင်ရှိနေတယ်ဆိုတာကို ဘယ်သူ့ကိုမှသူမပြောပြခဲ့ဘဲဒီအသက်အရွယ်အထိလျှိုဝှက်ထားတယ်။ဒီစွမ်းအားကလည်း သူအသက်အန္တရာယ်ဖြစ်တဲ့အချိန်မှာရုတ်တရက်ရလားတဲ့အစွမ်းဘဲ။ သူရဲ့ဆုတောင်းကို သားရဲနတ်ဘုရားကကြားသွားပုံရတယ်လေ။

ဇီလီရဲ့ သစ်ပင်က ဒီနားမှာရှိတဲ့သစ်ပင်တွေထက် ပိုကြီးတဲ့အတွက်‌ေကြာင့် ငှက် တော်တော်များများက ဒီအပင်မှာအသိုက်ဖွဲ့ပြီးနေထိုင်တယ်။မနက်မိုးမလင်းခင် အာရုံတတ်ချိန်လေးမှာ ငှက်တစ်ကောင်က ရုတ်တရက်ထအော်လိုက်တာမို့ကျန်တဲ့ငှက်တွေပါတစ်ကောင်ပြီးတစ်ကောင်အော်မြည်လာကြသည်။ငှက်‌ အော်သံတွေကြောင့် အဲ့အနီးအနားမှာတော်တော်လေးကိုဆူညံနေတယ်။

ခနကြာပြီးတဲ့နောက်မှာတော့ တစ်စုံ‌တစ်ယောက်ကဆူညံနေတဲ့ငှက်တွေကိုမောင်းထုတ်လိုက်တာမို့ ငှက်တွေက အသိုက်ကနေထပျံသွားကြတယ်။ အဲ့အချိန်မှာဘဲဇီလီတစ်ယောက်အိပ်ရာက‌ နေရုတ်တရက်လန့်နိုးလာခဲ့တယ်။ သူတစ်ညလုံးအိပ်မပျော်လောက်ဘူးလို့တွေးထားပေမယ့် တစ်နေ့လုံးပင်ပန်းထားတာကြောင့်လားမသိ ခေါင်းချလိုက်တာနဲ့အိပ်ပျော်သွားခဲ့သည်။

ဇီလီအပြင်ကိုကြည့်လိုက်တော့နေမထွက်သေးပေမယ့် အပြင်မှာအလင်းရောင်တော့ရှိနေပြီဖြစ်တယ်။အမဲလိုက်သွားမယ်ဆိုရင်ဒီအချိန်လောက်ကအနေတော့ဘဲဖြစ်တယ်။ နေထွက်လာတဲ့အချိန်ဆို သားကောင်တွေက အစားရှာကြတာမို့သားကောင်ရဖို့လွယ်ကူတယ်။ဇီလီအိပ်ရာကနေ မြန်မြန်ဆန်ဆန်ထလိုက်ပြီး အမဲလိုက်ဖို့လိုအပ်တဲ့ပစ္စည်းတွေကိုယူလိုက်ပြီးချောင်းမှာကိုယ်လက်သန့်စင်ဖို့သွားလိုက်တယ်။

🦊မြေခွေးငပျင်းလေးနဲ့ သူ့ရဲ့ဒယ်ဒယ်နဂါးကြီး🐉🐉Where stories live. Discover now