သူများတွေအတွက်တော့မိန်းဟောက် ထီးတစ်လက်ကိုကိုင်ထားတဲ့အတွက် နည်းနည်းတော့စိတ်ထစ်သွားနိုင်တယ်..နားမလည်တဲ့စိတ်တွေလည်းပေါ်နိုင်တယ်..မိန်းဟောက်အတွက်တော့ထိုထီးဟာ လက်နက်တစ်ခုဆိုရင်မမှားပေ။ ထိုထီးကြောင့်လူတော်တော်များများလည်းသေခဲ့တယ်..

မိန်းဟောက်ရဲ့ဘေးနားမှာတော့ ရွဲချုးလင့်ရှိလေတယ်..ရွဲချူးလင့်ကတော့ သေနတ်တစ်လက်ကို စတိုင်ကျကျဖြင့်ကိုင်ထားလေသည်။ ခက်ထန်တဲ့အကြည့်တွေဖြင့် သူ့အရှေ့ကသူများကိုစိုက်ကြည့်နေတော့တယ်..နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ဟောင်ချင်းကတော့ ရွဲချူးလင့်ဘေးနားမှာရှိလေသည်။

သူကတော့ လက်နှစ်ဖက်လုံးကိုလက်အိပ်အမဲဝတ်ဆင်ထားပြီး သူနဲ့အမြဲတမ်းအတူတူရှိနေခဲ့တဲ့ ဓားကိုကိုင်ထားလေသည်။ သူ့ရဲ့နီရောင်မျက်လုံးတွေဟာ ယောင်းယောင်းကိုစိုးရိမ်တစ်ကြီးကြည့်နေတော့တယ်..ဝမ်တို့ရောက်လာတာနဲ့ ဝင်ပေါက်တွေအကုန်လုံးကို လူအများပိတ်ရပ်လိုက်ကြတယ်...

ဝမ်တို့ကလည်းသတိအပြည့်နဲ့ ဘက်ဝမ်လင်ကိုကြည့်နေကြတယ်..ထိုအခါဘက်ဝမ်လင်ဟာ..

" အို...ငါ့ရဲ့နတ်ဆိုးအဖွဲ့ရောက်လာပြီနော်..."

" အခုချက်ချင်းယောင်းယောင်းကိုလွှတ်ပေး.."
ဟောင်ချင်းကဒေါသတကြီးဆိုလိုက်၏။

" အတင့်ရဲလိုက်တာ လူကြီးကိုအော်စရာလားကွ.."
ဆိုပြီးခုနကဖားယားနေသော် အရာရှိကပြောလိုက်တယ်..

" ကလေးတွေကဆိုးမှာပဲလေ လူကြီးဖြစ်တဲ့ငါတို့က သည်းခံပေးရတာပေါ့.."

" ဟုတ်တာပေါ့ သခင်ကြီးပြောတာမှန်တယ်...ဟိတ်ကောင်တွေမြန်မြန်သခင်ကြီးကို တောင်းပန်ပြီးအညံခံစမ်း မဟုတ်ရင်ငါတို့အဆိုးမဆိုးနဲ့..."
ဆိုပြီးဝမ်တို့ကိုလှမ်းခေါ်တော့တယ်..ထိုအခါဝမ်ဟာဘယ်ဘက်လက်ကို ရှေ့ထုတ်လိုက်ပြီး သူတို့ကိုလက်ခလယ်ထောင်ပြလိုက်တယ်..

ယောင်းယောင်းဟာ ဝမ်လုပ်လိုက်တဲ့ပုံစံကိုကြည့်ပြီး ရယ်နေတော့တယ်..သူ့ပါးစပ်ကိုပိတ်ထားပေမဲ့လည်း ရယ်သံတိုးတိုးလေးထွက်လာခဲ့တယ်..မိန်းဟောက်တို့လည်းပဲဝမ်လုပ်တဲ့အပြုအမူကို သဘောတွေကျနေလေသည်။ တစ်ဖက်ကလူတွေထဲက တစ်ချို့ဆိုရင်အသံတိတ်တိတ်ဖြင့်ရယ်နေကြသည်။

ဒုတိယအခွင့်အရေး (Arc-3) (Oc)Where stories live. Discover now