ဒါပေမဲ့မော်ဟန်ဟာသူ့ဆရာစကားနားမထောင်ပဲ လျို့လျို့ဝှက်ဝှက်နဲ့ရှာဖွေနေတာကို သူသိလိုက်ရတယ်...အဲ့ဒါကြောင့်သူဒေါသထွက်သွားပြီး မော်ဟန်ကိုအော်ငေါက်ကာ ထက်လုပ်ရင်အပြစ်ပေးမယ်လို့ ချိုင်ဝေလန်ပြောခဲ့ရတယ်..ချိုင်ဝေလန်မသေခင်နေ့ကလျို့ဝှက်အဖွဲ့က ခေါင်းဆောင်နဲ့ဆိုင်တဲ့သတင်းရတာကြောင့် ထိုသူချိန်းတဲ့နေရာကိုသူသွားခဲ့တယ်..

ဒါပေမဲ့ကံဆိုးချင်တော့ မကောင်းတဲ့အရာရှိတစ်ဦးကြောင့် ချိုင်ဝေလန်နဲ့သူ့နောက်လိုက်တို့ ရက်ရက်စက်စက်အသပ်ခံပြီးသေဆုံးသွားခဲ့ရတယ်..အဲ့အကြောင်းတွေကိုမော်ဟန်မသိပေ။ ဒါပေမဲ့သိနေတဲ့သူတစ်ဦးတော့ရှိတယ်...ထိုလူဟာတခြားသူမဟုတ်...ဝမ် သာဖြစ်တယ်..သူအဲ့အကြောင်းတွေကိုရှင်းယွမ်ပြောပြလို့သိပြီးသားဖြစ်တယ်..

အခုတော့ ဘက်ဝမ်လင်ရဲ့ဘေးနား၌ဖားယားနေသော် အရာရှိတစ်ဦးဖြစ်သည်။ ထိုအရာရှိရဲ့၁၀ ပေအကွာ၌ ကြိုးတွေနဲ့ချည်နှောင်ခံထားရတဲ့ ယောင်းယောင်းလည်းရှိတယ်..ယောင်းယောင်းကိုစကားမပြောနိုင်အောင် ပါးစပ်ကိုလည်းပိတ်ထားလေသည်။

ဝမ်၊ ဟောင်ချင်း၊မိန်းဟောက်၊ မော်ဟန်၊ ရွဲချူးလင့်သူတို့၅ ယောက်ဟာရောက်လာခဲ့ပြီဖြစ်တယ်..ဝမ်ဆိုရင်အမဲရောင်အသားကပ်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ လက်ထဲမှာလည်းထက်လှသော် သူ့ရဲ့လက်ဆွဲတော် ဓားကိုလည်း တင်းတင်းစုတ်ကိုင်ထား၏။ သူ့ရဲ့ခရမ်းရောင်မျက်ဝန်းဟာ ဘက်ဝမ်လင်ကိုအပိုင်းပိုင်ခုတ်ထစ်ချင်နေတဲ့အကြည့်ဖြင့် ကြည့်နေလေသည်။

ဝမ်ဘေးနားက မော်ဟန်မှာတော့ဘာလက်နက်မှ မပါပေ။ သူ့ရဲ့ကိုယ်ခံပညာဟာတော်တော်လေး ကောင်းမွန်သည်။ လက်ဗလာနဲ့တောင်လူတော်တော်များများကို သတ်နိုင်သည်။ သူ့လက်ကသွေးကြောများဟာလည်း ထောင်တက်နေ၏။ အားအလွန်ကောင်းမည်ဆိုတာကို သွေးကြောကိုကြည့်လိုက်တာနဲ့တင် တခြားသူတွေများနိုင်သည်။

မော်ဟန်ဘေးနားမှာ မိန်းဟောက်ရှိတယ်..မိန်းဟောက်ကတော့ပေါ့ပါးတဲ့ဝတ်စုံကို ဝတ်ဆင်ထားပြီးချတဲ့အခါ အဆင်ပြေဖို့အတွက်ဘောင်းဘီအတိုကို ဝတ်ဆင်ထားသည်။ အသားကပ်ခြေအိပ်အမဲကိုလည်းဝတ်ဆင်ထားသည်။ ဆံပင်နှစ်ဖက်လည်းခွဲစည်းထားလေသည်။ ဘယ်ဘက်လက်မှာဓားတိုတစ်ချောင်းကို ကိုင်ထားပြီးညာဘက်လက်မှာတော့ ထီးအမဲကို​ကိုင်ထားသည်။

ဒုတိယအခွင့်အရေး (Arc-3) (Oc)Where stories live. Discover now