ယခုလို အဖြစ်အပျက် တွေ ဖြစ်လာခဲ့တော့
အနည်းငယ် တုန်လူပ်မိသည်.....
မင်နီးလေးနှင့် Yoongyi တို့ ပြန်၍
အဆင်ပြေသွားကာ သူ့ကိုထားခဲ့ မည်ကို
စိုးရိမ်နေမိသည်.....

Jeon:"Jimine က ငါ့တန်ဖိုးထားရတဲ့သူ..
နင်စကားကို လက်လွတ်စပယ် မပြောနဲ့..
ငါသည်းခံမှာမဟုတ်ဘူး...''

"အေးး...Yoongyi ကလဲ ငါတန်ဖိုးထားရတဲ့သူပဲ
နင် Jimine ကို ချစ်သလောက် ငါလဲ
yoongyi ကို ချစ်တယ်....''

Jeon:"အဲ့ဒါနင့် ကိစ္စ... ငါနဲ့ မဆိုင်ဘူး
Jimine ကို ငါထိန်းမှာမို့ နင်သာ နင့်လူနင်ထိန်း
ဒါပဲ.. ဖုန်းချပီ....''

စိတ်ရူပ်လာသဖြင့် ဖုန်းချမည်အလုပ်....

"နေဦး... Jeon.....ငါတို့က ဘဝတူတွေလေ
ဒီအချိန်မှာ စည်းလုံးသင့်တာ မဟုတ်ဘူးလား..''

Jeon:"Jimine ကို ငါပိုင်တယ်...ငါ့ဆီက
ထွက်မသွားနိုင်အောင်...ငါထိန်းနိုင်တာမို့
နင်စိတ်မပူနဲ့....သူ့ကိုလဲ ထိဖို့ မကြိုးစားနဲ့...
ငါပြောတာကို နားလည်လား...''

Hara နှင့် စကားကြာကြာမပြောချင်....

Jeon နှင့် Jimine တို့ အဆင်ပြေနိုင်မည့်
အချိန်ရောက်လာတိုင်း ဒီမိန်းမက
ပေါ်လာတတ်ကာ နှောက်ယှက်တတ်သဖြင့်
စိတ်ထဲမှာ ကြိတ်၍ မုန်းနေမိသည်....

စကားကို အပြတ်ပြော၍....
ဖုန်းချလိုက်ပီး ဖုန်းနံပါတ်ကိုပါ
block ကာ ပြတင်းပေါက် အပြင်ဘက်သို့
ငေးနေမိသည်......

ချစ်ရသူ အကြောင်းကိုစဥ်းစားမိလျှင်
ရင်လေးလာသည်....
Jeon ကမင်နီးလေးကို သေလောက်အောင်
ချစ်ပါသော်လည်း....
အသိအမှတ် ပြုတာမခံရခဲ့....
နေမကောင်းလို့ ဘေးမှာ အနီးကပ်ပြုစုပေးခဲ့ပေမယ့်လည်း....
မင်နီးလေးက Jeon နာမည်က တစ်ခါမှ မတခဲ့ပါ
Yoongyi ၏ နာမည်ကိုသာ
ဆက်တိုက်ခေါ်နေခဲ့ပီး....
ယောင်ယမ်းဖက်ထားခဲ့တာ...
Jeon မျက်မြင်ပင် ဖြစ်၍
ရင်ထဲမှာလဲ တစ်ဆစ်ဆစ်နာကျင်ရပါသည်...

ဒေါသအလျောက် လက်ပါပီးပြန်ရင်လည်း
စိတိမကောင်း ဖြစ်ရလွန်းလို့....
ကြိတ်ငိုခဲ့ရတဲ့​ နေ့ရက်တွေ လဲ မနည်း....

ဒေါသထွက်လျှင် ဘာမှ မမြင်တော့
မသိတော့ပါသော
မိမိအခြေအနေကို လည်း စိတ်ပျက်မိသည်..

လောင်းရိပ် Where stories live. Discover now