................................................................

တီ...တီ...တီ....တီ.....

မနက်ခင်းအစောကြီး ဖုန်းဝင်လာခြင်းကြောင့်
မင်နီးလေးဘေးမှာ လူနာစောင့်ပေးကာ
အိပ်ပျော်သွားခဲ့သော...
Jeon တစ်ယောက် နိုးလာခဲ့သည်....

မင်နီးလေးကို စိတ်ပူ၍
တစ်ညလုံး မအိပ်မနေ အရိပ်တကြည့်ကြည့်နှင့်
ဘေးမှာ ရှိနေပေးခဲ့သော Jeon သည်
ပင်ပန်းလွန်း၍.... ခနလေးအိပ်ပျော်သွားချိန်

ဝင်လာခဲ့သော....
ဖုန်းသံကြောင့် မင်နီးလေး
နိုးသွားမည် ဆိုးသဖြင့်
အမြန်ကောက်ကူကာ
အခန်းထဲမှ ထွက်လာခဲ့သည်.....

Jeon:"Hello...''

"Hara...ပါ....''

မနက်အစောဝင်လာခဲ့သော ဖုန်းသံကြောင့်
စိတ်အနှောင့်အယှက် ဖြစ်သွားသူ Jeon
မျက်ခုံးတွေမှာ တစ်ဖက်မှ ဖုန်းဖြေလာသူ၏
အသံကြောင့် ပင့်တက်သွား၍

မျက်နှာမှာလဲ အလိုမကျမူတွေက
ထင်းခနဲ ပေါ်လာသည်........
မဖိတ်ခေါ်ပဲ ဝင်ဝင်လာသည့်
အနှောင့်အယှက်ကြောင့် ဆံပင်တွေကို
စိတ်ရူပ်ဟန်ဖြင့် သပ်တင်လိုက်ပီး...

Jeon:"ဘာကိစ္စလဲ..''

"ငါနဲ့ Yoongyi ရဲ့ စေ့စပ်ပွဲပျက်သွားပီ..''

Jeon:"အဲ့ဒါငါနဲ့ ဘာဆိုင်လဲ..''

"နင်နဲ့ မဆိုင်ပေမယ့် Jimine နဲ့ ဆိုင်နေတယ်လေ
yoongyi က စေ့စပ်ပွဲကို park jimin ကြောင့်
ဖျက်လိုက်တာ နင်သိရဲ့လား..!!''

Hara ရဲ့ အသံမှာ တကယ်ကို စိတ်လူပ်ရှားကာ
ဒေါသထွက်နေသယောင်.....
အသံတွေက တုန်ရီမောဟိုက်နေကာ
စကားလုံးတွေမှာ တချက်တချက်
တိုးဝင်​ေနခဲ့သည်....

Yoongyi နှင့် Jimine တို့၏
နက်ရိူင်းလှတဲ့ သံယောဇဥ်အကြောင်းကို
Jeon သိထားပီးသား ဖြစ်သော်လည်း....
ယခုလို စေ့စပ်ပွဲ ဖျက်သိမ်းတဲ့ထိ
ဆိုးသွမ်းခဲ့မယ်တော့ မထင်ခဲ့.....

မမျော်လင့်ခဲ့သော အခြေအနေမို့....
Jeon တစ်ယောက်
ဘာပြန်ပြောရမှန်းမသိဖြစ်ကာ
တိတ်ဆိတ်နေမိသည်......

Yoongyi တစ်ယောက် အခုလောက်ထိ
လုပ်လိမ့်မည်ဟု မထင်ထားခဲ့ ....
Jeon ကိုယ်တိုင်လဲ Yoongyi ကို
Hara နှင့် အမြန် စေ့စပ်နိုင်ဖို့...
ဆုတောင်းနေခဲ့သူပါ.....

လောင်းရိပ် Where stories live. Discover now