ရှင်းယွမ်ကဝမ်ကိုအကုန်ပြောပြီးတဲ့အချိန်ထဲက သူ့ရဲ့အသွင်ပုံစံမှန်နဲ့သာနေခဲ့တော့တယ်..ဝမ်ရဲ့ကိုယ်ထဲကိုရှင်းယွမ်ပြန်မသွားခဲ့။ ဝမ်ဟာတိတ်ဆိတ်နေတာကို စတင်ဖြိုခွဲလိုက်တယ်..

" မော်ဟန်ငါပြောစရာရှိတယ်..."

" ပြောလေဝမ်.."

" ငါမင်းကိုချစ်တယ်..."

' ဂုဏ်ယူပါတယ် ဝမ်ရဲ့ဆန္ဒ၅ခုမြောက်ဖြစ်တဲ့ ငယ်ငယ်ကတိတ်တခိုးချစ်မိခဲ့တဲ့ သူငယ်ချင်းကိုသူချစ်ခဲ့ကြောင်း ပြောပြချင်းတယ်ဆိုတဲ့ ဆန္ဒပြည့်ပါပြီ..'

' အင်း '

ဝမ်ရဲ့စကားကိုမော်ဟန်လော့ကြားရော ဝမ်ရဲ့မျက်နှာကိုသူ့ဘက်လှည့်ခိုင်းလိုက်ပြီး...

" တကယ်ပြောတာလားဝမ်..တကယ်လား...."

" အင်း..ငါငယ်ငယ်ထဲကမင်းကိုချစ်ခဲ့တာ ငါ့မိဘတွေသေတဲ့နေ့ကငါမင်းကိုဖွင့်ပြောမလို့ကြံခဲ့တာ ဒါပေမဲ့ငါဖွင့်ပြောဖို့မမှီခဲ့ဘူး.."

" ဝမ်သိလား ကိုလည်းလေဝမ်ကိုငယ်ငယ်လေးထဲက သဘောကျခဲ့တာ...မဟုတ်ဘူး..ချစ်ခဲ့တာ ကိုအစကဝမ်ကိုသူငယ်ချင်းတစ်ယောက်လိုသဘောထားခဲ့တယ်ထင်တာ နောက်မှကိုသိခဲ့တာကဝမ်ကိုသူငယ်ချင်းထက်ပိုတယ်ဆိုတာပဲ ကိုဝမ်ကိုဖွင့်မပြောခဲ့တာက ဝမ်ကို့ကိုရွံသွားမှာကြောက်တာကြောင့် ကိုတိတ်တိတ်လေးနေခဲ့တာ..နောက်ပြီး ပြွတ်.."
ဝမ်ကငိုမဲ့မဲ့ဖြစ်နေတဲ့ မော်ဟန်လော့ကိုတစ်ချက်နမ်းလိုက်ပြီး..

" ဘာမှဆက်မပြောနဲ့တော့..အခုငါရှိနေပြီပဲမှတ်လား.."

" အင်း..ဝမ်ကို့ဘေးနားမှာရှိနေပြီပဲ.."
ဆိုပြီးဝမ်ကိုမလွှတ်တမ်းဖတ်ထားတော့တယ်..ရှင်းယွမ်ဟာအလိုက်တသိဖြင့် ထွက်သွားတော့သည်။ ခဏအကြာမှာပဲ မော်ဟန်လော့ဟာဖက်နေတာကနေခွာလိုက်ပြီး ဝမ်ကိုဘယ်တွေရောက်နေတဲ့အကြောင်း၊ ဘာဖြစ်သွားခဲ့တာတွေလည်းဆိုတဲ့အကြောင်း မေးတော့တယ်..ဝမ်ကလည်းအကုန်လုံးပြောပြနေတော့သည်။

%%%

" မင်းရဲ့တပည့်ကိုပြောပြီးပြီလား .."

" ပြောပြီပါပြီ သူထက်ပြီးစုံစမ်းမှာမဟုတ်တော့ပါဘူး.."

" သေချာတယ်နော်.."

ဒုတိယအခွင့်အရေး (Arc-3) (Oc)حيث تعيش القصص. اكتشف الآن