ဟိုရန်ရဲ့ယဲ့ချိုသူဆီကိုလာသွားသေးတယ်ဆိုတဲ့စကားကြောင့်သူအရမ်းပျော်သွားပြီး

"အသားကင်အတွက်ကျေးဇူးပါအကိုဟိုရန်ရေ ကျနော် ယဲ့ချိုကိုသွားရှာလိုက်အုံးမယ်" ဆိုပြီး သူ့ရဲ့အသားကင်နဲ့ငါးကိုသစ်ခေါင်းထဲပစ်ထည့်လိုက်ပြီးယဲ့ချို့တို့မိသားစုရှိတဲ့ ကျောက်ဂူဆီကိုပြေးသွားလိုက်တယ်။

ဟိုရန် သူ့ကိုနှုတ်ဆက်ပြီးပြေးထွက်သွားတဲ့ ဇီလီကြောင့် မလွယ်ဘူးဆိုတဲ့အပြုံးမျိုးပြုံးလိုက်ပြီးသူ့ရဲ့သစ်ပင်ကိုလှမ်းကြည့်လိုက်တော့ လိုက်ကာကြားကနေခေါင်းလေးထွက်ပြီးသူတို့စကားကိုခိုးနားထောင်နေတဲ့ကြွက်ကလေး‌ကိုတွေ့လိုက်တယ်။ ဘယ်လောက်တောင်သူတို့ရဲ့စကားဝိုင်းကိုစိတ်၀င်စားနေသလဲဆိုရင်သူသစ်ပင်နားပြန်ရောက်နေတာတောင်သတိမထားမိတဲ့အထိဘဲ။

"အဟမ်း" သူချောင်းခြောက်တစ်ခုကိုဟန်လုပ်ဆိုးလိုက်တော့ လန့်သွားပြီး အူတူတူလေးကြည့်လာတဲ့ကြွက်ပေါက်လေး‌ကြောင့် သူ့အသည်းတွေယားသွားသည်။ဒါ‌ ကြောင့်ကြွက်ပေါက်လေးကိုဂုတ်ကနေ ကောက်ကိုင်ကာသူ့ရဲ့မျက်လုံးတွေနဲ့တစ်တန်းတည်းဖြစ်အောင်လုပ်လိုက်ကာ လှုပ်ရမ်းလိုက်ပြီးမေးလိုက်တယ်။

"ဘာတွေစိတ်၀င်စားနေတာလဲ ကြွက်ပေါက်လေးရဲ့"
'"""ခများ ကျုပ်ကိုအခုချက်ချင်းအောက်ကိုချလိုက်စမ်း ဘယ်ကိုလာကိုင်‌ေနတာလည်း အဲ့လက်တွေကိုကုပ်လိုက်မှာနော်"""""
ဟိုရန်သူဂုတ်ကနေကိုင်ထားတာတောင်အငြိမ်မနေဘဲလှုပ်ရွပြီးသူကိုရန်တွေ့နေတဲ့ကြွက်ကလေးကိုအရေးမလုပ်ဘဲဆက်ပြီးဂုတ်ကနေကိုင်ထားကာလေထဲမှာလွဲရမ်းနေလိုက်တယ်။

အကိုဟိုရန်က သူရဲ့ဂုတ်ကိုကိုင်ပြီးလေထဲမှာလွဲရမ်းနေတဲ့အတွက် သူရန်တွေ့လိုက်ပေမယ့် သူကိုအဖတ်မလုပ်ဘဲဆက်ပြီး လှုပ်ရမ်းနေတာကြောင့် သူ သားရဲလူသားအသွင်ပြန်ပြောင်းလိုက်ရသည်။

"အ့....အကို "

သူပြန်ရန်တွေ့ဖို့လုပ်လိုက်ပေမယ့် သူ့ကို‌ ရုတ်တရက်ပွေ့ချီလိုက်တဲ့ အကိုဟိုရန်ကြောင့်သူလန့်သွားပြီး အော်လိုက်ကာ သူရဲ့လက်တွေကအကိုဟိုရန်ရဲ့လည်ပင်းကို သူ့အလိုလိုဖက်မိသွားတယ်။ အဲ့အချိန်မှာဘဲဟိုရန်ရဲ့ပုံစံကတစ်စုံတစ်ခုကိုမနဲထိန်းချုပ်ထားရတဲ့ပုံစံဖြစ်နေတယ်။ ဒါပေမယ် သူချီထားတဲ့ကြွက်ကလေးကလှုပ်ရွနေတာကြောင့် သူလုံး၀မထိန်းချုပ်ထားတော့ဘဲ ကြွက်ကလေးကို သစ်ခေါင်းပေါက်ထဲကိုပစ်ထည့်လိုက်ကာသူပါ၀င်လိုက်ပြီး လိုက်ကာစကိုသေချာပြန်ပိတ်ထားလိုက်တယ် ။

တခနကြားပြီးတဲ့နောက်မှာတော့ ဟိုရန်ရဲ့သစ်ပင်ကနေ ရဲ့စဲ  ရဲ့ဆူပူအော်ဟစ်သံတွေ၊ဟိုရန်ရဲ့ချော့မြူနေတဲ့အသံ‌၊ ရဲ့စဲရဲ့ ငိုယိုပြီး ရပ်ပေးဖို့ပြောနေတဲ့အသံတွေ၊အချိန်ကြာလာတာနဲ့ညီးသံကိုကူးပြောင်းသွားတဲ့ အသံမျိုးစုံထွက်ပေါ်လာခဲ့သည်။

တစ်ဖက်မှာလည်း ဇီလီတစ်ယောက်ဟာ........

#Lilac
9/12/21

တယ်တယ်တယ် တွေနဲ့ဘဲဆုံးပြီးရေးထားတာဖတ်ရတာအဆင်ပြေကြရဲ့လား။တယ်တစ်လုံးဘဲမြင်နေရတယ်ဆိုပြီး messager က gpတစ်ခုမှာဝိုင်းပြီးလှောင်နေကြတယ်။ ကိုယ့်သူငယ်ချင်းကလာပြလို့သိတာပါ။အဲ့တာကြောင့်နေ့လည်က စာဆက်မရေးနိုင်တော့ဘဲသူများတွေဘယ်လိုရေးလဲဆိုပြီးလိုက်လေ့လာနေလို့နောက်ကျသွားတယ်။
ဖတ်လို့အဆင်မပြေရင် ဘယ်နားကဖတ်လို့မကောင်းဘူးဆိုပြီးပြောလို့ရပါတယ်နော်။စိတ်မဆိုးပါဘူး။🤗🤗😍😍

🦊မြေခွေးငပျင်းလေးနဲ့ သူ့ရဲ့ဒယ်ဒယ်နဂါးကြီး🐉🐉Where stories live. Discover now