ပထမတစ်ကခေါက်က သူရဲ့များပြားတဲ့အစွမ်းတွေကိုမလျော့ချဘဲအတင်း ၀င်ရောက်ခဲ့တဲ့အတွက် အဲ့‌သတ္တဝါကချက်ချင်းသတိထားမိသွားပြီး သူနဲ့ သူသေကိုယ်‌ေသအကြိတ်အနယ်တိုက်ခိုက်ခဲ့ကြတယ်။သူ့စွမ်းအားကိုမလျှော့ချခဲ့တာတောင် အတွင်းဒဏ်ရာရနေတဲ့ အဲ့သတ္တဝါကိုနိုင်အောင်မတိုက်နိုင်ခဲ့ဘဲ သူ့အသက်ကယ်‌အဆောင်ကိုသုံးပြီးဒီကမ္ဘာကနေမနည်းထွက်ပြေးခဲ့ရတယ်။

သူဒီကမ္ဘာကနေမထွက်ခွာခင်မှာ သူဒီခန္ဓာကိုယ်ကို ဒီနေရာနဲ့လိုက်ရောညီထွေဖြစ်အောင်ဖန်တီးထားခဲ့တယ်။အဲ့ခါမှဒီကမ္ဘာကိုသူပြန်၀င်ချင်တဲ့အခါတိုင်းလွယ်ကူနေမှာဖြစ်တယ်။
အခုတော့နှစ်တစ်ထောင်ကြာသွားခဲ့ပြီး သူလက်စားခြေဖို့မစောင့်နိုင်တော့ဘူး။

"နေပါဦး အခုထိတစ်ခုခုမှားနေသလိုဘဲ ပုံမှန်ဆိုငါခုနကလိုမျိုးစွမ်းအင်ယိုဖိတ်သွားပုံမျိုးနဲ့ဆိုရင် အဲ့သတ္တဝါ ဒီကိုရောက်လာသင့်နေပြီမဟုတ်ဘူးလား။ဘာတွေဖြစ်နေတာလဲ။ဒီခန္ဓာကိုယ်ရဲ့မှတ်ဉာဏ်တွေကိုမပျောက်သွားခင် မြန်မြန်ဖတ်မှဖြစ်မယ်"

ယဲ့ချို့ ဒီခန္ဓာကိုယ်ရဲ့မှတ်ဉာဏ်တွေကိုဖတ်လေလေမျက်နှာပိုပျက်လာလေလေဘဲ ။အကုန်လုံးကိုဖတ်ပြီးသွားတဲ့အချိန်မှာတော့သူ့ရဲ့မျက်နှာဟာဖြူဖော့သွားပြီး တစ်ကိုယ်လုံးတုန်ယင်နေတော့တယ်။

"ဒါက--- ဘယ်လိုတွေတောင်ဖြစ်ပျက်သွားတာလည်း ငါနှစ်‌တစ်ထောင်လေးဘဲကျင့်ကြံလိုက်တာကို ဒီကမ္ဘာကဘာလိုအဲ့လောက်တောင်ပြောင်းလဲသွားရတာလဲ ငါဘာဆက်လုပ်ရတော့မှာလဲ ငါ့ရဲ့ စဦးတည်ရှိမှုကျောက်တုံးက မဟုတ်ဘူး မဟုတ်ဘူး အားးးးးးးးးး"ယဲ့ချိုသူ့ရဲ့ဆံပင်ကိုနှစ်ချက်လောက်ဆောင့်ဆွဲပြီးစိတ်ရှိလက်ရှိအော်လိုက်မှသာ သူ့ရဲ့စိတ်ပျက်နေတဲ့ခံစားချက်တွေအနည်းငယ်သက်သာသွားတော့တယ်။

"မဖြစ်ဘူးဒီကိစ္စကိုသခင်သိသွားလို့မဖြစ်ဘူး သခင်မသိခင်မှာငါမြန်မြန်ဖြေရှင်းမှရမယ် ငါဘာဆက်လုပ်ရမလဲ ငါဒီကိစ္စကိုသေချာအစီစဉ်ဆွဲမှဖြစ်တော့မယ် ဟိုသတ္တဝါကလည်းဘာဖြစ်သွားလဲဆိုတာကိုလည်းစုံစမ်းရမယ် ငါလုပ်ရမဲ့အလုပ်တွေကလည်းအများကြီးဘဲ လောလောဆယ်တော့ငါ့ရဲ့နေရာကိုသွားပြီးအေးအေးဆေးဆေးအနားယူရမယ် ။ပြီးရင်ငါ့ရဲ့အမြုတေထဲကို ဒီကမ္ဘာထဲက ချီတွေနဲ့ပြန်ဖြည့်ပြီးကျင့်ကြံရမယ် "သူလုပ်ရမဲ့အလုပ်တွေကိုအစီအစဉ်ချပြီးတာနဲ့ ယဲ့ချိုကသူ့ရဲ့နေရာဆီကိုပြန်အနားယူဖို့လုပ်လိုက်တယ်။

ဇီလီ ကိုယ်လက်သန့်စင်ပြီးတဲ့နောက်မှာ သူ့ရဲ့သစ်ပင်အခေါင်း
ပေါက်နားကိုရောက်လာခဲ့တယ်။ဒိုင်နိုဆောသားရေနဲ့ကာထားတဲ့လိုက်ကာကိုဖွင့်ကာအထဲကိုကြည့်လိုက်ပြီးတဲ့နောက်မှာ ဇီလီ ရဲ့အပြုမူတွေဟာရုတ်ချည်းဆိုသလို ၀မ်းနည်းမှုတွေနဲ့ပြည့်နှက်သွားခဲ့တယ်။ သစ်ခေါင်းပေါက်ထဲကိုမ၀င်ဘဲ သစ်ပင်ရှေ့မှာဘယ်လောက်ကြာကြာသတိလက်လွတ်မတ်တပ်ရပ်မိသွားလဲ‌သူ‌ကိုသူ‌ေတာင်သတိထားမထားမိလိုက်ဘူး ။

"ဇီလီ ဇီလီ ဟေး ဇီလီ"

တစ်စုံတစ်ယောက်ကသူ့ကိုလှမ်းခေါ်တဲ့အခါမှသာ သတိပြန်၀င်လာခဲ့ပြီးသူ့ကိုလှမ်းခေါ်တဲ့လူကိုလှည့်ကြည့်လိုက်တော့ သူ့သစ်ခေါင်းနဲ့အနီးဆုံးမှာနေတဲ့ ဟိုရန်ဖြစ်နေတယ်။

(#ဟိုရန်ကိုမှတ်မိကြလားဟေး)

ကဲကဲ အခုချိန်ထိသူတို့မတွေ့ရသေးဘူး တွေ့တော့မှာပါ ။ခနလေးတော့စောင့်ပေးနော် ။ဒီဟာလေးငါးပိုင်းလောက်ဒီအပတ်ရေးပါ့မယ်ပြီရင် နောက်အပတ် ပိုင်ဟွာ(ဆင့်ခေါ်သူ)ဆီသွားပါမယ်။ နောက်ဆုံးအပတ်ဆိုရင် ရှောင်မို(ဇွန်ဘီလေးဆီသွားပါမယ့်နော်) ဒီလတော့ဒီလိုလေးလုပ်ပါ့မယ်။
တစ်လပိုင်းကြရင်တော့ ဘယ်ဟာကိုဘယ်နေ့ upမယ်ဆိုပြီးရက်လေးနဲ့သေချာတင်ပေးပါ့မယ်။

#Lilac
8/12/21

🦊မြေခွေးငပျင်းလေးနဲ့ သူ့ရဲ့ဒယ်ဒယ်နဂါးကြီး🐉🐉Donde viven las historias. Descúbrelo ahora