တရန်သူ့ပါးစပ်က‌ နေကျလာတဲ့သရေတွေကိုအမြန်သုပ်လိုက်ပြီးအဲ့ရစ်ငှက်ရဲ့အနားမှာအခြားရစ်ငှက်တွေရှိသေးလားထပ်ကြည့်လိုက်တယ်။ သူနဲ့မနီးမဝေးမှာတော့အခြားရစ်ငှက်တွေရှိ နေတယ်။အရမ်းနီးမနေတော့သူ့အတွက်အဆင်ပြေသွားတယ်။သူအဲ့ရစ်ငှက်ကိုဖမ်းတဲ့အချိန်အဲ့ရစ်ငှက်ကထအော်လိုက်ရင်ကျန်တဲ့အကောင်တွေကရောက်လာပြီးသူ့ကို ဝိုင်း ဆော်ကြမှာကို။ အခုတော့အဲ့အကောင်ကိုမြန်မြန်ဖမ်းပြီးသူ့ရဲ့အမြန်နှုန်းနဲ့သာထွက်ပြေးရင် ကျန်တဲ့ရစ်ငှက်တွေကအော်သံသာကြားလိုက်ပြီးသူ့ကိုတော့မိမှာမဟုတ်လောက်ဘူးလေ။

ဒါကြောင့်သူရစ်ငှက်အကြီးကိုဖမ်းဖို့လှုပ်ရှားလိုက်ပြီး ရစ်ငှက်ရဲ့အနားကိုအသာအယာနဲ့တိုးကပ်သွားလိုက်တယ်။ သူရဲ့လှုပ်ရှားမှုကအရမ်းညင်သာတဲ့အတွက်ကြောင့်ရစ်ငှက်ကလုံး၀ကိုမရိပ်မိခဲ့ဘူး။ သူရစ်ငှက်ရဲ့အနားကိုရောက်သွားပြီ ရစ်ငှက်ရဲ့လည်ပင်းကိုကိုက်ဖို့လုပ်လိုက်တဲ့အချိန် ရစ်ငှက်ကရုတ်တရက်ထပျံပြေးဖို့လုပ်လိုက်တာကြောင့် သူ့ရဲ့စိတ်စွမ်းအင်ကိုမထုတ်ချင်ထုတ်ချင်နဲ့ဘဲထုတ်လိုက်ရပြီးအဲ့ရစ်ငှက်ကိုတစ်ခါထဲလည်ပင်းကိုချိုးသတ်လိုက်ရတယ်။

'ငါ့ရဲ့ခက်ခက်ခဲခဲနဲ့ရှာထားရတဲ့စွမ်းအင်လေးတွေ' သူမလုပ်ချငါလုပ်ချင်နဲ့ဘဲလုပ်လိုက်ရတယ်။

ရစ်ငှက်ကအော်တောင်မအော်နိုင်တော့ဘဲတစ်ခါတည်းလုံး၀ငြိမ်ကျသွားတော့တယ်။ပတ်၀န်းကျင်က နဲနဲလေးလှုပ်ရှားသွားတာကြောင့်ရစ်ငှက်အချိုရဲ့လှုပ်ရှားသံကို သူကြားလိုက်ရတယ်။ဒါကြောင့်သူ ရစ်ငှက်အသေကို‌ကိုက်ချီလိုက်ပြီးအဲ့နေရာကနေမြန်မြန်ပြေးထွက်လာခဲ့ရတယ်။

အ‌ေဝးခပ်လှမ်းလှမ်းကိုရောက်မှ သူသက်ပြင်းချလိုက်ပြီး အဲ့နေရာကိုကြည့်လိုက်တော့ရစ်ငှက်တွေရဲ့အော်သံကြောင့်အဲ့မြက်ခင်းပြင်ကပွတ်လောက်ရိုက်နေတယ်။

သူသာရစ်ငှက်တွေရဲ့စကားကိုနားလည်ရင်သူတို့ရဲ့ခေါင်းဆောင်ကို တစ်ယောက်ယောက်ကသတ်သွားတာမလို့ပွတ်လောရိုက်နေတယ်ဆိုတာ သူသိလိမ့်မယ်။အခုတော့....

သူ့အခုတွင်းထဲမှာမီးဖိုလိုက်ပြီးမီးစွဲဖို့ကိုစောင့်နေတာဖြစ်တယ်  အခုကအေးလာတော့မီးနားမှာထိုင်‌ေနရင်းသူတဖြည်းဖြည်းနဲ့အိပ်ငိုက်လာခဲ့တယ်။ ဒါပေမယ့်သူကိုသူနိုးနိုးကြားကြားဖြစ်သွားအောင်ရေအနည်းငယ်ကိုသောက်လိုက်ပြီး ရွံနဲ့ထုတ်ထားတဲ့ရစ်ငှက်ကို မီးထဲကိုထည့်လိုက်ပြီး ဖုတ်ထားလိုက်တယ်။

"နေ့မအိပ်ညမအိပ်ဘဲကြိုးစားကျင့်ကြံခဲ့ရတဲ့ ရလဒ်ကတန်လိုက်တာ"

တရန်အခု‌တစ်လော နေ့မအိပ်ညမအိပ်ကြိုးစားကျင့်ကြံပြီး‌တဲ့နောက်မှာတော့ သူ့ရဲ့အတွင်းဒဏ်ရာ တွေပျောက်သွားပြီဖြစ်တယ်။ပြီတော့သူ့ရဲ့ မြေခွေးခန္ဓာကိုယ်ကလည်းအရင်ကထက်ပိုပြီးသန်မာလာတာကြောင့် လှုပ်ရှားမှုတွေကိုအရင်ကထက်ပိုပြီးမြန်ဆန်လာသလို အနံ့ခံ့နိုင်စွမ်းတွေ ၊အမြင်အာရုံတွေ၊အကြားအာရုံတွေလည်းအများတိုးတတ်လာတယ်။

ဒါကြောင့် သူအပြင်ကိုလွတ်လွတ်လပ်လပ်နဲ့ထွက်နိုင်ပြီဖြစ်တယ်။သားကောင် တစ်ကောင်ကောင်ကသာသူ့ကိုဖမ်းဖို့လုပ်ခဲ့မယ်ဆိုရင်သူအရင်ကထက်ကိုပိုပြီးမြန်မြန်ဆန်ဆန်ပြေးနိုင်နေတဲ့အတွက်သိပ်တော့ပူစရာမလိုတော့ပါဘူး။ဒါပေမယ့်သူထက်မြန်တဲ့အကောင်တစ်ကောင်နဲ့သာတွေရင် သူဖမ်းပြီးအစားခံရနိုင်ပါတယ်။

(#ပါးစပ်နဲ့စားတာပါရှင့်😐😒 အသဲလေး‌တို့ကိုအတွေးမမှားစေချင် ပြီတော့ တို့က အင်နိုစန့်🌚)

#Lilac
28/11/21

up လို့မြင်လိုက်တာနဲ့ အားရှိသွားတော့နောက်ကျတဲ့အထိနေပြီးတော့ကိုရေးတင်လိုက်တာ။

🦊မြေခွေးငပျင်းလေးနဲ့ သူ့ရဲ့ဒယ်ဒယ်နဂါးကြီး🐉🐉Where stories live. Discover now