"ဒါဆိုရင်ငါမင်းကိုအချိန် ၂ပတ်ပေးမယ်ဇီလီရေ  မင်းသင့်တော်မယ်ထင်တဲ့ကလေးအချို့ကိုရွေးထုတ်လိုက် "

ဇီလီ နတ်ဆရာရဲ့ပြောစကားကြောင့်အခက်တွေ့သွားတယ်။
'၂ပတ်အတွင်းမှာ ရွေးထုတ်ရမယ် မဖြစ်နိုင်ဘူး တချို့ကလေးတွေက ငယ်နေသလို တချို့ကလည်းအရွယ်ကနည်းနည်းကြီးနေပြီ  ငါကအချိန်တစ်ချို့ရမယ်ထင်နေတာ အခုဘယ်လိုလုပ်ရမလဲ' ဇီလီ အခက်တွေ့နေတဲ့အချိန်မှာ ဘေးနားကနေ အသံတစ်ခုထွက်လာခဲ့တယ်။ ဇီလီအဲ့အသံပိုင်ရှင်ကို‌လှည့်ကြည့်လိုက်တော့ ခေါင်းဆောင်ရဲ့ သား သားရဲတစ်ပိုင်းလူသားတစ်ပိုင်းလေးဖြစ်နေခဲ့တယ်။ အဲ့ တစ်ယောက်ရဲ့နာမည်က ချန်းမို ဖြစ်ပြီးအဖြူရောင် ဝံပုလွေ  မျိုးနွယ်၀င်သားရဲတစ်ပိုင်းဖြစ်တာမို့‌ အဖြူရောင်အမြှီးနဲ့အရမ်းလှပတယ်။ သူ့ထက်လဲ ၁၀နှစ်လောက်ကြီတဲ့အပြင် အရွယ်ရောက်ချိန်ကိုကျော်လွန်နေပြီဖြစ်တဲ့ သားရဲတစ်ပိုင်းတစ်ယောက်လဲဖြစ်တယ်။ပြီတော့ မျိုးနွယ်စုမှာ အခုချိန်ထိမိတ်ဖက်မရှိသေးတဲ့ သားရဲ‌တစ်ပိုင်းတွေထဲကတစ်ယောက်ဖြစ်ပြီး အဲ့လိုအရွယ်ရောက်မှုကိုကျော်လွန်သွားတဲ့ သားရဲတစ်ပိုင်းတွေရဲ့ခေါင်းဆောင်တစ်ယောက်လဲဖြစ်တယ်။ အရွယ်ရောက်တဲ့အချိန်ကိုကျော်လွန်သွားရင် သားရဲတစ်ပိုင်း‌ေတွရဲ့ကလေးရနိုင်ချေကလျော့နည်းသွားတယ်။

"ဆရာကြီး ကျတော်တစ်ခုလောက်ပြောချင်လို့ပါ"

"အဲ့ကလေးတွေက သင်ယူဖို့ ခက်ခဲနေမယ်ဆိုရင်ဆရာကြီးဘယ်လိုလုပ်မလဲ အခြားအရွယ်တွေကိုကော ဆရာကြီးမစဉ်းစားတော့ဘူးလား"
ခေါင်းဆောင်ရဲ့ဘေးနားမှာထိုင်နေတဲ့ သားရဲတစ်ပိုင်းလူသားတစ်‌ပိုင်းက ထပ်ပြီးပြောလိုက်တယ် ။

နတ်ဆရာက ချန်းမိုရဲ့စကားကိုအလေးအနက်စဉ်းစားနေပြီးခနကြာတဲ့အချိန်မှာ စကားပြောလာခဲ့တယ်

"ချန်းမိုပြောတာလဲမှန်တယ်။ " ပြီတော့ ဇီလီရဲ့ဘက်ကိုလှည့်လိုက်ပြီး

"ဇီလီ ရေ ချန်းမိုပြောတဲ့အတိုင်း အရွယ်ရောက်နေတဲ့လူတွေထဲက လွယ်လွယ်ကူကူ သင်ယူနိုင်တဲ့လူရှိရင်လဲ ရွေးပြီခေါ်ခဲ့ကွယ်"

‌ဇီလီ နတ်ဆရာရဲ့ စကားကိုကြားလိုက်ပြီးနောက်မှာသူအရင်ဆုံးပြေးမြင်မိတဲ့လူက ယဲ့ချိုပါဘဲ ။ယဲ့ချိုကဉာဏ်လည်းကောင်းသလိုသင်ယူလိုစိတ်လေ့လာလိုစိတ်လည်းရှိတယ်။ ပြီးတော့ သားရဲလူသားတိုင်း၊သားရဲတစ်ပိုင်းလေးတွေနဲ့ လည်းအမြဲချိုချိုသာသာနဲ့ဆက်ဆံလေ့ရှိတယ်။ သူ့စိတ်ထဲမှာတော့ ယဲ့ချိုကနတ်ဆရာဖြစ်ဖို့သင့်တော်တယ်လို့ဘဲသတ်မှတ်လိုက်တယ်။

"ကဲ ဒါဆိုရင်ငါတို့ နတ်ဆရာကြီးရဲ့ ဆက်ခံဖို့ကိစ္စကိုဖြေရှင်းပြီးသွားပြီ ဆိုတော့နောက်တစ်ခုက ဆောင်းရာသီကိစ္စဘဲ နောက်သုံး လေးလ လောက်ဆိုရင်ဆောင်းရာသီကကျရောက်တော့မယ်။အဲ့အတွက် ရိက္ခာကိစ္စကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကျနော်တို့ ဆရာကြီးနဲ့လာတိုင်ပင်တာပါ" ခေါင်းဆောင်ရဲ့ ပြောစကားကြောင့် အကုန်လုံးခေါင်းငြိမ့်လိုက်ကြတယ်။

ခေါင်းဆောင်ရဲ့စကားကိုကြားတာနဲ့ နတ်ဆရာကြီးက ဘေးနားကစင်ပေါ်မှာတင်ထားတဲ့နတ်ဘုရားကျောက်တုံးကို တရိုတသေနဲ့ယူလိုက်ပြီးအာရုံပြုလိုက်တယ် ။ခနကြာတဲ့အချိန်မှာနတ်ဆရာကြီးကကျောက်တုံးကို စင်ပေါ်ပြန်တင်ထားလိုက်ပြီး

"ဒီတစ်ခေါက်ဆောင်းရာသီကတော့ အဲ့လောက်အခြေနေမဆိုးဘူးလို့ သားရဲနတ်ဘုရားက နိမိတ်ပြတယ် ။ဒါကြောင့် ဆိုးဆိုးဝါးဝါးတော့မဖြစ်ပါဘူး။"

ခေါင်းဆောင်ရဲ့ဘေးနားမှာရှိတဲ့ ခေါင်းဆောင်ရဲ့မိတ်ဖက်သားရဲတစ်ပိုင်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး " အဲ့လိုကြားရတော့ ကျနော်စိတ်အေးသွားရပြီး"

#Lilac
26/11/21

🦊မြေခွေးငပျင်းလေးနဲ့ သူ့ရဲ့ဒယ်ဒယ်နဂါးကြီး🐉🐉Where stories live. Discover now