သူ့ရဲ့ဆန္ဒကတော့ သူ့ရဲ့မျိုးနွယ်စုကလူတိုင်းအစားအသောက်ကို၀၀လင်လင်စားသောက်ရပြီးအေးအေးချမ်းချမ်းနဲ့နေစေချင်တာဖြစ်တယ်။ ဒါကြောင့်လည်းသူအသက်ငယ်ငယ်နဲ့ မျိုးနွယ်စုကတာ၀န်တွေကိုခွဲဝေလုပ်ကိုင်ပေးခဲ့တာဖြစ်တယ်။

ဇီလီ ခေါင်းဆောင်ရဲ့ နောက်ကိုလိုက်သွားဖို့ပြင်လိုက်တယ်။အဲ့အချိန်မှာသူ့နားကို တစ်စုံတစ် ယောက်က တဖြည်းဖြည်းချင်းတိုးကပ်လာခဲ့တဲ့အတွက်သူ့မျက်မှောင်ကြုံ့သွားတယ်။ ပြီတော့အဲ့သားရဲဆီကလည်းရွှံ့နံ့တွေရနေသေးတယ် ။သူလှည့်ကြည့်လိုက်တော့ရုတ်တရက်မို့ ရွှံတွေပေကျန်နေတာဘယ်သူမှန်းမသိလိုက်ဘူး။‌ ဒါကြောင့်သူရဲ့မျက်နှာကအေးစက်ခက်ထန်နေတယ်။

"ဇီလီ"

အဲ့ဖက်ကအသံကိုကြားမှသူဘယ်သူမှန်းသိသွားတော့တယ်။အဲ့တာကသူရဲ့ငယ်သူငယ်ချင်း ယဲ့ချိုဖြစ်တယ် ။ ယဲ့ချိုက တောကြောင်မျိုးနွယ်၀င် သားရဲတစ်ပိုင်းလူသားတစ်ပိုင်းလေးဖြစ်တယ်။အရမ်းလည်းအရှက်အကြောက်ကြီးသလို ရဲရင့်ပြန်တော့လည်းသူအပြင်မရှိဘူး။သူထက်လည်းတစ်နှစ်ကြီး‌ သေးတယ်။ အခုယဲ့ချိုရဲ့ပုံစံကတွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတဲ့ပုံစံလေးကြောင့် သူ့ရဲ့အေးစက်နေတဲ့မျက်နှာက ချက်ချင်းဆိုသလိုမဆိုသလောက်လေးနွေးထွေးသွားတယ်။

"ဘယ်လိုဖြစ်လာတာလဲ" ဇီလီ ယဲ့ချိုမျက်နှာပေါ်ကရွှံတွေကိုသူလက်နဲ့အသာအယာသုတ်ပေးလိုက်ပြီး ချိုချိုသာသာနဲ့မေးလိုက်တယ်။

"ငါဘာမှမဖြစ်ပါဘူး ငါကိုဘယ်သူမှအနိုင်မကျင့်ပါဘူး ငါအဆင်ပြေပါတယ် အခုကငါမင်းကိုပြောစရာရှိလို့ပါ" သူမျက်နှာကိုမကြည့်ဘဲ ခေါင်းလေးကိုငုံပြီးတစ်ကိုယ်လုံးတုန်တုန်ယင်ယင်နဲ့ပြောနေတဲ့ ယဲ့ချိုကြောင့်သူစိတ်ပူသွားတယ်။

"မင်းကိုဘယ်သူလုပ်လိုက်တာလည်း"
ဇီလီရဲ့ ဒေါသထွက်နေပုံစံနဲ့ အံ့ကြိတ်ထား တဲ့အသံကြောင့် ယဲ့ချိုရဲ့ခန္ဓာကိုယ်လေးကတုန်တတ်သွားပြီး

"ငါဟာငါ ရေအိုင်ထဲပြုတ်ကြတာပါ"

"ငါ့ကိုကြည့်" ဇီလီ သူကိုတည့်တည့်မကြည့်ဘဲသူရဲ့အကြည့်ကိုရှောင်ပြီးဖြေနေတဲ့ ယဲ့ချိုကြောင့်သူကိုလိမ်နေတယ်ဆိုတာကိုသူသိတယ်။  ဒါကြောင့်ယဲ့ချိုတစ်ခုခုဖြစ်လာတယ်ဆိုတာကိုသူသိလိုက်ရတယ်။သူ့ရဲ့မျက်နှာကအေးစက်သွားပြီးမျက်လုံးထဲမှာအနက်ရောင်အလင်းတစ်ချို့ဖြတ်ပြေးသွားတယ်။ ဒါပေမယ့်သူက ယဲ့ချိုရဲ့ခေါင်းလေးပေါ်လက်တင်လိုက်ပြီး အသာပုတ်လိုက်ကာ ညင်ညင်သာသာလေးစကားပြောလိုက်တယ်။

"ယဲ့ချို့ ငါအခုနတ်ဆရာဆီသွားရမှာမလို့ မင်းငါ့ရဲ့သစ်ခေါင်းဆီကိုသွားပြီးကိုယ်လက်သန့်စင်ထားနော် ပြီရင်ငါ့ပြန်လာတာကိုကိုစောင့်နေနော်  အဲ့ခါညစာစားရင်းစကားပြောကြမယ်"

"အွန်း" ယဲ့ချို့ရဲ့ရှက်ပြုံးလေးနဲ့ပြောနေတဲ့ပုံစံလေးကြောင့် ဇီလီ ခုနကထွက်နေတဲ့ဒေါသတွေတောင်ချက်ချင်းပျောက်သွားတယ်။

"ဒါဆို ငါသွားပြီ ငါကိုစောင့်နေနော်" ဇီလီ ယဲ့ချိုကိုနှုတ်ဆက်ပြီး ဟိုဘက်ကိုလှည့်လိုက်တာနဲ့ သူရဲ့မျက်နှာကပြန်ပြီးအေးစက်ခက်ထန်သွားတယ်။

'ယဲ့ချိုလောက်သူတစ်ပါးအပေါ်ကြင်နာတတ်တဲ့သူမရှိဘူး။သူအပြင်ထွက်တဲ့အချိန်ရခဲ့တဲ့အသီးအနှံ့တွေကို အခြားသူတွေကိုခွဲပေးတတ်တယ် ။ အခုသူအနိုင်ကျင့်ခံထားရပါလား။ငါမရှိတဲ့အချိန်မှာတစ်စုံတစ်ယောက်ကသူ့ကိုအနိုင်ကျင့်ထားတယ်ထင်တယ်။ ငါသဘောကျတဲ့ လူကိုတစ်စုံတစ်ယောက်အနိုင်ကျင့်ထားတယ်။တောင်းပန်ပါတယ် ယဲ့ချိုရယ်ငါ‌မင်းကိုမကာကွယ်ပေးမိဘူး။ငါအသုံးမကျတာပါ ။စိတ်ချပါအခုကစပြီးငါမင်းအနားမှာနေပြီးမင်းကိုကာကွယ်ပေးပါ့မယ်။ မင်းကိုအနိုင်ကျင့်တဲ့လူကတော့ ဟက်"

#Lilac
25/11/21

🦊မြေခွေးငပျင်းလေးနဲ့ သူ့ရဲ့ဒယ်ဒယ်နဂါးကြီး🐉🐉Where stories live. Discover now