45.

4.6K 340 7
                                    

(Unicode)

သူ မနက်ပြန်နိုးလာတော့ သူ့ဦးခေါင်းပိုင်းတစ်ခုလုံး တဆစ်ဆစ် ကိုက်ခဲနေသည်။ သူ့ခန္ဓာကိုယ်အောက်ပိုင်းဟာလည်း တစ်စုံတစ်ရာကြောင့် ချွဲကျိစေးကပ်နေသလို ခံစားရပြီး ဆိုးဆိုးရွားရွား ကိုက်ခဲနေ၏။ ထူးဆန်းသည့် အနံ့စူးစူးတွေကိုလည်း ရသည်။ ထို့ကြောင့် အိပ်ရာပေါ်မှ ထရန် ပြင်လိုက်သော်လည်း မထနိုင်။ သူ့ခန္ဓာကိုယ်ဟာ အင်မတန်လေးပင်နေသလို ခံစားနေရသည်။

" အဟမ့်!"

အခန်းဝမှ ချောင်းဟန့်လိုက်သံကြောင့် ဘယ်သူလဲလို့ လှမ်းကြည့်လိုက်တော့ စိမ်းသန့်ကြည်လင်း ဖြစ်နေသည်။ လက်ထဲ၌ ရေဇလုံကိုလည်း မ,ထားပြီး သူ့အနားသို့ ခိုးကြောင်ခိုးဝှက် ကပ်လာ၏။ စူးရဲစွာ ကြည့်နေသည့် သူ့မျက်လုံးများကိုလည်း မဝံ့မရဲ ပြန်ကြည့်၍ ရေဇလုံကို သူ့ဘေး၌ ချသည်။

" ကျွန်တော် လုပ်ပေးမယ်နော် မင်းဆွေ"

" မလုပ်နဲ့၊ သွား ဖယ်၊ အာ့"

" နာ နာနေလားဟင်"

သူမျက်လုံးစုံမှိတ်၍ မျက်မှောင်ကြုတ်လိုက်တော့ သူ့အရိပ်အခြည်ကို ဘေးမှ ငြိမ်လျက်သား ကြည့်နေရှာသည်။ ထိုနေရာကလည်း ဒီမနက်ရောက်မှ ပိုနာနေသလို ခံစားရ၏။ သူ့ရှေ့မှ ထသွားကြည့်ဖို့ ကြိုးစားပေမဲ့ မတတ်နိုင်သည်မို့ မျက်နှာပျက်လျက် ပြန်အော်လိုက်မိသည်။

" ခင်ဗျား ကျွန်တော့်ကို ဘာတွေလုပ်နေတာလဲ!!"

" ကျွန်တော် မှားတာ သိပါတယ်၊ ကျွန်တော် ပြန်ဆုတ်ဖို့ ကြိုးစားပါတယ် ဒါပေမဲ့လေ..."

မျက်မှောင်ကြုတ်ကြည့်နေသည့် သူ့ကို အကြောင်းပြချက်ပေးလာပုံကား ပြိုတော့မည့်မိုးကဲ့သို့။

" ဘာတုံး!!"

ဇာနည်က ထပ်မာန်မဲလိုက်တော့ သူ့ခန္ဓာကိုယ်ဟာ ဆတ်ခနဲ တုန်ယင်သွားပြန်သည်။

" အဲ့ အဲ့တာကလေ...သိပ်ကောင်းတော့ ကျွန်တော်လည်း ဘယ်လိုလုပ်ရပ်လိုက်နိုင်မှာတုံးလို့ မင်းဆွေပဲ ကိုယ်ချင်းစာကြည့်ပါဦး၊ ကျွန်တော်က ရပ်ဖို့ ကြိုးစားလိုက်ပေမဲ့ မင်းဆွေက အရမ်းကောင်းနေတာကို"

HONEYSUCKLE [Completed]Where stories live. Discover now