4.

7K 728 2
                                    

(Unicode)

ဤနေ့သည် စာမေးပွဲနောက်ဆုံးနေ့ဖြစ်တာကြောင့် ဇာနည်မင်းဆွေနှင့် ငွေတိုးအောင်မှာ စာမေးပွဲအခန်းထဲမှ ထွက်လာပြီးပြီးချင်း မေးခွန်းပေါ်၌ ရေးမှတ်ခဲ့သော တစ်မှတ်တန်များကို အဖြေတိုက်နေကြသည်။ ထို့နောက် အားလုံးအဖြေတိုက်ပြီး၍ အမှားနည်းသောကြောင့် စိတ်အေးသွားပြီး အိမ်အတူပြန်ကြလေသည်။

" ဇာနည် အဝတ်အစားလဲပြီးတာနဲ့ ငါ့ အိမ်ဘက်ကို ကူးခဲ့ကွာ။ ငါ အင်္ဂလိပ်ကားအခွေတွေ ဟိုနေ့က သွားဝယ်ထားတာ။ အတူ ကြည့်ရအောင် "

" အေးပါ။ မင်းက ဒါပဲ ခဏ ခဏ ပြောနေတယ်။ "

" မင်း မေ့သွားမှာ စိုးလို့ပါကွ။ "

ထို့နောက် ဇာနည်မင်းဆွေက ရယ်လျက် ငွေတိုးအောင်၏ ပခုံးကို တစ်ချက်လှမ်းပုတ်လိုက်ရင်း နှုတ်ဆက်လျက် သူ့ အိမ်ထဲသို့ သူဝင်သွားတော့သည်။ ထိုအချိန် အိမ်ထဲမှ ခွမ်းခနဲ ကွဲကျသံတစ်ခုကို ကြားလိုက်ရလေသည်။ ထို့ကြောင့် ဇာနည်မင်းဆွေမှာ ခပ်ဟဟဖြစ်နေသော အိမ်မကြီးတံခါးဝမှ အိမ်ထဲက အခြေအနေကို လှမ်းချောင်းမိလိုက်သည်။

" ဒီလိုဆို ရှင် အစကတည်းက ကင်းကင်းရှင်းရှင်းနေလေ! ဘာလို့ မရှူနိုင်မကယ်နိုင် အခြေအနေကျမှ ကျွန်မတို့ သားအမိကို မငဲ့ဘဲ လုပ်ချင်ရာ လုပ်သွားရတာလဲ! "

" ငါ မင်းတို့ကို မငဲ့တာ မဟုတ်ဘူး။ ငါ ဒီလိုမှ မလုပ်ရင် ထောင်ကျမှာပေါ့။ "

" ဒါဆို ရှင် ဘာလို့ အစကတည်းက သွားပတ်သက်လဲ၊ ကျွန်မ မေးတာဖြေလေ။ "

".... "

" ရှင် မဖြေနိုင်ဘူးမလား၊ ရှင်က အသက်ကြီးပြီး ကိုယ့်သိက္ခာ ကိုယ်တောင် မကြည့်နိုင်တော့ဘူးလေ။ ရှင် အဲ့ဒါတွေ လုပ်နေချိန် ရှင့်သားမျက်နှာရော ရှင်မြင်ရဲ့လား။ "

"ဟာ... မင်း မဆိုင်တာတွေ မပြောနဲ့။ "

" မဆိုင်ဘူးဟုတ်လား။ ကျွန်မတို့ သားအမိက ရှင်နဲ့ မဆိုင်ဘူးပေါ့။ ဒါဆို ကျွန်မတို့ ကွာရှင်းကြရအောင်လေ။ "

ထိုစကားကြောင့် ဇာနည်မင်းဆွေသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားတော့သည်။ အရင်ကဆိုလျှင် မိဘများ၏ ထိုကဲ့သို့ ရင့်သီးသောစကားများကို သူမကြားဖူးပေ။ ဘာပြဿနာကြောင့် ထိုကဲ့သို့ စကားများရန်ဖြစ်နေကြသလဲ မသိပေမဲ့ ထိုကဲ့သို့ ကွာရှင်းမယ်ဆိုသည့် စကားကြီးကိုတော့ ထွက်မလာသင့်ဘူးမလား။ အဖေက အမေ ခွင့်မလွှတ်နိုင်လောက်အောင် မည်ကဲ့သို့ အမှားမျိုး ကျူးလွန်ထားသနည်း။

HONEYSUCKLE [Completed]Where stories live. Discover now