17.

3.9K 458 21
                                    

(Unicode)

ယနေ့တွင် ငွေတိုးအောင်၏အမေက ကျန်းမာရေးအတွက် ယတြာချေရန် မုန့်လုံးရေပေါ်ကို ဆယ့်တစ်အိမ် ဝေရမည်ဟု ဆိုလာသဖြင့် သူတို့ လူငယ်လေးယောက်က ဝိုင်းကူပေးကြရသည်။ သူတို့လေးယောက်က မုန့်နှစ်တွေကို ထန်းလျက်ခဲထည့်၍ လုံးပေးရသည်။ အဒေါ်ကတော့ သူတို့ လုံးထားသည့် မုန့်လုံးတွေကို ကိုယ်တိုင်ပြုတ်ပြီး ဆန်ခါဖြင့် ဆယ်ယူသည်။

ထိုအချိန် ဇာနည်မင်းဆွေသည် သူ့မျက်နှာချင်းဆိုင်၌ မုန့်လုံးရေပေါ်လုံးနေသော စိမ်းသန့်ကြည်လင်းကို မသိမသာခိုးကြည့်နေသည်။ ထို့နောက် သူက စိမ်းသန့်နှင့် မျက်နှာချင်းဆိုင်နေရာမှ စိမ်းသန့်အနားသို့ တဖြည်းဖြည်း ချဉ်းကပ်လာတော့သည်။ ငွေတိုးအောင်ကလည်း ဟိုလိုလိုဒီလိုလိုဖြင့် သူတို့အနားရောက်လာသည့် ဇာနည့်ကို မျက်လုံးထောင့်မှ လှမ်းကြည့်နေသည်။ မင်းမွန်က သူ့အနားမှ စိမ်းသန့်အနားသို့ ရောက်သွားသည့် ဇာနည့်ကို ဘာသဘောလဲလို့ နားမလည်သလို ကြည့်နေတော့သည်။

စိမ်းသန့်ကလည်း သူတို့နှစ်ယောက်ကို ကျန်သည့်လူများက အာရုံစိုက်လာတာကြောင့် လက်ဖဝါးနှစ်ဖက်ဖြင့် လုံးနေသည့် မုန့်အနှစ်ကို ပိုပြီးအားထည့်လုံးနေမိသည်။ ထို့အပြင် သူ့ဘေးရောက်လာသည့် ဇာနည့်ကိုလည်း မျက်လုံးကစားပြီး ခိုးကြည့်မိသေးသည်။ ထိုအချိန် ဇာနည်က သူ့မလှမ်းမကမ်းမှ ထန်းလျက်ခဲအတုံးငယ်ကို လှမ်းယူပြီး စိမ်းသန့်လက်ဖဝါးထဲ၌ ရှိနေသည့် မုန့်လုံးထဲသို့ ဖိထည့်ပေးလိုက်သည်။ ထိုအခါ စိမ်းသန့်က သူ့ကို ကြောင်ကြည့်လာသည်။

" စိမ်းသန့် ထန်းလျက်ထည့်ဖို့ မေ့နေတာလားလို့၊ အဲ့တာ လုံးနေတာ ကြာပြီလေ။"

" ဪ အင်း အင်း "

စိမ်းသန့်ကြည်လင်းမှာ သူ့လက်ထဲက မုန့်လုံးကို ဆန်ကောထဲသို့ လျှင်မြန်စွာ ထည့်လိုက်ပြီး အသစ်တစ်ခု ထပ်လုပ်ရန် မုန့်နှစ်ထပ်ယူလိုက်သည်။ ဇာနည်ကတော့ မုန့်နှစ်ကို လက်ဖဝါးနှစ်ဖက်ဖြင့် လုံးနေသည့် စိမ်းသန့်၏ လက်ချောင်းဖြူဖြူစင်းစင်းလေးများအား မုန့်လုံးနေရင်း ငေးကြည့်နေသည်။

HONEYSUCKLE [Completed]Where stories live. Discover now