16.

4.3K 487 40
                                    

(Unicode)

မင်းမွန်သည် အလုပ်လုပ်နေရင်း ပြုံးလိုက်၊ စိတ်လွင့်သွားလိုက် ဖြစ်နေသည့် ဇာနည်မင်းဆွေကို ဘေးမှ အကဲခတ်နေတော့သည်။ သူ သတိထားမိသလောက်ဆိုလျှင် ဇာနည့်မျက်နှာက လွန်ခဲ့သည့် သုံးရက်လောက်ကတည်းက ထိုသို့ ဖြစ်နေလေသည်။ ဒီရက်ပိုင်းအတွင်း သူ မြင်နေရသလောက်တော့ ဘာကိစ္စမှထွေထွေထူးထူးမဖြစ်ခဲ့သလို၊ ထို့အပြင် ဇာနည့်မှာ သူတို့ကလွဲလို့ တခြားအပေါင်းအသင်းရယ်လို့လည်း မရှိ။

ဇာနည့်မှာ ချစ်ရမည့်လူ ရှိနေ၍လားလို့ သူ တွေးမိပေမဲ့ ဘယ်လိုမှ မဖြစ်နိုင်။ သူနှင့် အနီးစပ်ဆုံးက မင်းမွန်တို့ပဲ ရှိတာမလား။ ထို့ကြောင့် ဒီနေ့ရမှစ သူ ဇာနည့်ကို မျက်ခြည်မပြတ် စောင့်ကြည့်ရန် ဆုံးဖြတ်ထားသည်။

ယနေ့၌ ဇာနည်မင်းဆွေသည် အလုပ်မှာ ညပိုင်းဆင်းရလေသည်။ ထို့ကြောင့် မနက်အလုပ်မှ ပြန်လာတော့လည်း တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်နေတော့သည်။ သူ အိမ်ပြန်ရောက်ချိန်က မနက်၁၀နာရီ ရှိနေပြီမို့ သူလည်း တန်းအိပ်လိုက်တော့သည်။ ညနေပိုင်းကျလျှင်လည်း အလုပ်ကို ပြန်သွားရဦးမည်။

သို့ရာတွင် သူ အိပ်ရာပြန်နိုးလာတော့ နေ့လည်၂နာရီကျော်ပြီ။ သူ နိုးလာပြီးချင်း ရေမိုးချိုးပြီး မင်းမွန် ချက်ပြုတ်ထားသည့် ထမင်းနှင့်ဟင်းကို အသင့်စားရန် ပြင်တုန်း စိမ်းသန့်ကြည်လင်းက သူ့အိမ်ကို ရောက်လာသည်။ ဇာနည်က စွပ်ကျယ်ချိုင်းပြတ်နှင့် ပုဆိုးတိုတိုဝတ်ထားတာမို့ ဖွံ့ဖြိုးနေသည့် သူ့ခန္ဓာကိုယ်အစိတ်အပိုင်းများကို ထင်ထင်ရှားရှားတွေ့ရသည်။ စိတ်သန့်ကြည်လင်းက သူ့ပုံစံကို မြင်တော့ သူ့အနားဆက်လာရမလို မလာရမလိုနှင့် ယောင်အမ်းအမ်းဖြစ်နေတော့သည်။

" အာ...စိမ်းသန့် အပေါက်ဝမှာ ဘာရပ်လုပ်နေတာလဲ၊ လာ ထိုင်လေ "

" ဟုတ် ဟုတ်ကဲ့။"

ထိုအခါ သူ့အနားရောက်လာပြီး သူ့အရှေ့က ခုံပေါ်မှာ သူ ယူလာသည့် တစ်လုံးချိုင့်ကို တင်သည်။

" မင်းဆွေအတွက် အဒေါ်က ချက်ပေးလိုက်တာ၊ မင်းမွန်ရဲ့ လက်ရာက သိပ်မကောင်းတော့ မင်းဆွေ စားရတာ အဆင်မပြေမှာ စိုးလို့တဲ့။"

HONEYSUCKLE [Completed]Where stories live. Discover now