14.

4.4K 491 23
                                    

(Unicode)

မင်းမွန်ဟာ ဇာနည့်ကို အပူကပ်ပြီး သူ့ကောင်မလေးအိမ်ရှေ့ကို မရမက ခေါ်ချလာသည်။ ဇာနည့်မှာ မကူညီလျှင်လည်း သူ့ကောင်မလေးသူငယ်ချင်းနှင့် အောင်သွယ်ပေးခံရမည်ဟု ခြိမ်းခြောက်ခံထားရသဖြင့် မဖြစ်မနေလိုက်ရတော့သည်။ ထိုသို့ဖြင့် သူတို့နှစ်ယောက်ဟာ ကျော်စိုးတို့အိမ်၏ အမှောင်ကျသည့် နေရာ၌ ရစ်သီရစ်သီဖြင့် အိမ်ထဲကို ချောင်းနေကြသည်။ သို့ပေမဲ့ ကံဆိုးစွာ ကျော်စိုးက သူတို့နှစ်ယောက်ကို ပြတင်းပေါက်မှ လှမ်းမြင်သွားပြီး အိမ်ပြင်သို့ ထွက်ချလာတော့သည်။

" ဟျောင့်တွေ... မင်းတို့ ဘာလုပ်နေတာလဲ။"

မင်းမွန်ကတော့ ကျော်စိုးကို မြင်သောအခါ သူ့ကုပ်သူ လက်နှင့် ပွတ်နေရင်း သွားအဖြဲသားဖြင့် ဇာနည့်နောက် ဝင်ပုန်းတော့သည်။

" ​ကျော်စိုး မတွေ့ရတာတောင် ကြာပြီနော်။"

" အေး ဇာနည် ၊ မင်း ဒီကောင်နဲ့ ပေါင်းနေတာလား။"

" အေးကွ၊ သူက နည်းနည်းအချိုးမပြေပေမဲ့ စိတ်ထားလေးကောင်းပါတယ်။"

ထိုအခါ ကျော်စိုးက မျက်မှောင်ကြုတ်လျက် မင်းမွန်ကို စောင်းကြည့်သည်။ ဇာနည့်မှာ ကြားထဲက မျက်နှာပူမိသည်။ ကျော်စိုးကတော့ မင်းမွန်ကို လျစ်လျူရှုထားပြီး ဇာနည့်ကိုသာ အိမ်ထဲဝင်ဖို့ ခေါ်သည်။ မင်းမွန်က လိုက်ဝင်လာတော့လည်း မတားသလို အဖက်လည်း မလုပ်ပါ။

အိမ်ထဲရောက်တော့ ကျော်စိုးကိုသာ တွေ့သဖြင့် ဇာနည်လည်း မေးလိုက်သည်။

" မင်း မိဘတွေရော။ "

" ဟိုဘက်လမ်းမှာ တရားပွဲရှိတယ်လေ၊ အဲ့တာ သွားတယ်။ "

" ဪ..."

မင်းမွန်တစ်ယောက်ကတော့ မျက်လုံးအငြိမ်မနေပါ။ သူ့ကောင်မလေးကိုပဲ ဝေ့လည်ကြောင်ပတ်ဖြင့် ရှာနေတော့သည်။ ဤသည်ကို ကျော်စိုးက ရိပ်မိသွားသောအခါ အခဲမကျေသည့် လေသံဖြင့် ပြောလာတော့သည်။

" ငါ့ညီမ မရှိဘူး၊ ချောင်းမနေနဲ့။ သူပါ လိုက်သွားတယ်။"

" ဟုတ်လား၊ ဒါဆို ပြန်ကြရအောင် ဇာနည် "

HONEYSUCKLE [Completed]Where stories live. Discover now