32.

3.3K 367 5
                                    

(Unicode)

အဆောင်အပြင်ဘက်သို့ ထွက်လာတော့ ကျောခိုင်းရပ်နေသည့်ဇာနည်မင်းဆွေကို တွေ့လိုက်ရသည်။ သူလည်း လွမ်းနေခဲ့သည့်စိတ်ကြောင့် နောက်ကျောမှ အင့်ခနဲ နေအောင် ဖက်ချလိုက်သည်။

" အဟမ်း!"

ကျောခိုင်းနေသည့် ဇာနည်မင်းဆွေမှာလည်း ရုတ်ခြည်း ရလာသည့် သနပ်ခါးအနံ့ကြောင့် နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိသည်။ ထို့နောက် သူ့ရင်ဘတ်ပေါ်ရောက်နေသည့် လက်များအား ဖြုတ်ချလိုက်ရင်း စိမ်းသန့်ဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။

" ဒါ ခင်ဗျားနေတဲ့ အဆောင်ရှေ့လေ၊ အိန္ဒြေလေး ဘာလေး ထိန်းပါဦး"

" မင်းဆွေ ဘယ်လိုလုပ်ရောက်လာတာလဲ၊ မနက်ဖြန် ကျွန်တော် ကျိန်းသေလာမှာပါ"

" ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ မနက်ဖြန် မနက်အစောကြီးထလာတာထက် ဒီညနေကတည်းက ကျွန်တော်နဲ့ လိုက်ခဲ့ပါလား"

" မင်းဆွေရယ် အလုပ်က တန်းလာတာလား၊ အပင်ပန်းခံလို့"

" ကျွန်တော် ခင်ဗျားနဲ့ တွေ့ဖို့ တစ်ညနေလေးတောင် မစောင့်နိုင်တော့လို့လေ၊ အဲ့တာကြောင့် လာခေါ်တာ"

" အဲ့ဒီလိုလား"

" အင်း"

" အဟမ်း..."

ထိုအချိန် အနားရောက်လာသည့် ငွေတိုးအောင်ကြောင့် အကြည်စိုက်နေမှုများ ပျက်ပြယ်သွားရသည်။ ငွေတိုးအောင်ကတော့ သူတို့နှစ်ယောက်ကို ပေစောင်းစောင်းကြည့်သည်။

" အရမ်းတွေ ချစ်နေကြရင်လည်း အခုပဲ ယူလိုက်ကြတော့၊ သွားလိုက် ပြန်လိုက်နဲ့ မျက်စိနောက်တယ်"

" ငွေပု မင်း နေကောင်းတယ်မလား"

" အခုမှ ငါ့ မေးဖော်ရသေးတယ်နော်၊ ဟမ့်! ဒါနဲ့ ငါ့အမေရော"

" အဒေါ်က ကျန်းမာရေးကောင်းပါတယ်၊ မင်းရော ဒီအပတ်ပြန်လာဦးမှာလား"

" လာလို့ မရဘူးကွ၊ ငါ ဒီအပတ် အတန်းတွေ ပျက်ထားလို့ စာပြန်လုပ်ရမယ်"

" အေးပါကွာ၊ ဒါနဲ့ ငါ သတင်းတွေ ကြားတယ်နော်၊ မင်း ရည်းစားရနေပြီလား"

HONEYSUCKLE [Completed]Dove le storie prendono vita. Scoprilo ora