22.

3.8K 403 19
                                    

(Unicode)

ထိုအခါ စိမ်းသန့်ကြည်လင်းမှာ ဘာစကားပြောရမှန်းမသိ ဖြစ်သွားရှာပြီး သူဝတ်ထားသည့် ပုဆိုးအကွက်စိပ်ကို သူ ပြန်ငုံ့ကြည့်နေတော့သည်။

သို့ရာတွင် ဇာနည်မင်းဆွေက သူ့မျက်နှာအား စိုက်ကြည့်နေရာမှ သူ့ပခုံးစွန်းကို တစ်ချက်ပြန်ကြည့်သည်။ ထို့နောက် သူ့ ပခုံးအနားသို့ ကပ်လာပြန်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှိုက်သွင်းသွားပြန်သည်။

" ကျွန်တော် မပင်ပန်းပါဘူးဗျာ၊ အင်းစိန်နဲ့ ဒီနေရာက ဘယ်လောက်ဝေးလို့လဲ"

" မင်းဆွေကတော့လေ... "

စိမ်းသန့်ကြည်လင်းက သူ့ကို မနိုင်ဘူးဆိုသည့် သဘောဖြင့် ခေါင်းခါပြသည်။ ထိုအချိန် ဇာနည်က ခုံမှာ ထိုင်နေရာမှ သူ့ပေါင်အား ခေါင်းအုံးလျက် လှဲချလိုက်လေသည်။ ထိုသို့ ရုတ်တရက်ဆန်သည့် အပြုအမူကြောင့် စိမ်းသန့်မှာ ထိတ်ခနဲ ဖြစ်သွားရှာပြီး သူ့ပေါင်ပေါ်ခေါင်းအုံးလျက် သူ့မျက်နှာအား ပြန်မော့ကြည့်နေသည့် ဇာနည်မင်းဆွေကို မည်သို့ ပြန်တုံ့ပြန်ရမှန်း မသိရှာ။

ထို့​နောက် သူလည်း ကယောင်ကတမ်းဖြင့် ဇာနည့်ဆံပင်တွေကို သပ်ပေးနေမိသည်။ သို့ရာတွင် နီးကပ်နေသည့် အခြေအနေကြောင့် ဇာနည့်ခန္ဓာကိုယ်မှ ယောကျ်ားဆန်သည့် ချွေးနံ့ဟာ သူ့ကို ရစ်မူးစေသည်။ အပေါ်မှ ငုံ့ကြည့်နေရင်း သူ မြင်ရသည့် ဇာနည်မင်းဆွေ၏ နက်မှောင်စူးရှသည့် မျက်ဝန်းတစ်စုံနှင့် နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးအနည်းငယ်ခြံရံထားသည့် မထူမပါး နှုတ်ခမ်းတစ်စုံ၊ ဇာနည်က ဂျင်းပြာရောင် ရှပ်အင်္ကျီကို ကြယ်သီးနှစ်လုံးလောက်အထိ ဖြုတ်ထားတာကြောင့် ထင်းထွက်နေသည့် လည်စေ့နှင့် နီညိုရောင်အသားအရည်က ခန့်ညားသည့် ယောကျ်ားတစ်ယောက်မှာ ရှိသင့်သည့် ပိုင်ဆိုင်မှုတွေပင်။

သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေတုန်း သူတို့အနားရှိ ကုက္ကိုပင်၏အနောက်မှ စကားသံထွက်လာလေသည်။

" ငဇော် မင်း ညီအစ်ကိုချင်း ဘာလို့ ငါ့ကို ကိုက်နေတာတုန်း "

HONEYSUCKLE [Completed]Where stories live. Discover now