25.

3.8K 409 23
                                    


(Unicode)

နောက်နေ့တွေမှာ ကျောင်းသွား၊ကျောင်းပြန်တိုင်း အဖွဲ့လိုက်သွားနေကျပေမဲ့ သန္တာက အောင်ဟိန်းဇော်နှင့် တွဲလျှောက်တာမို့ မဒီပိုးမြင့်က တစ်ယောက်တည်းဖြစ်နေသည်။ ထိုအခါ ငွေတိုးအောင်မှာ အခွင့်အရေး ရတော့သည်။ သူက ကျောင်းသွား၊ကျောင်းပြန်တိုင်း မဒီပိုးမြင့်အနားသို့ ကပ်လျှောက်သည်။ စိမ်းသန့်ကြည်လင်းမှာတော့ အောင်ဟိန်းကျော်နှင့်သာ အတူတွဲလျှောက်နေရသည်။

တစ်နေ့ကျောင်းပြန်လမ်း၌ သူတို့အတူ ပြန်လာခဲ့ကြတုန်း သူတို့၏ မလှမ်းမကမ်းတစ်နေရာ၌ ကားတစ်စီး ထိုးရပ်လိုက်လေသည်။ ထိုကားကို မြင်သွားတော့ မဒီပိုးမြင့်က ပြုံးပျော်သွားပြီး ထိုကားအနားသို့ ခြေလှမ်းခပ်မြန်မြန်ဖြင့် လျှောက်သွားလေသည်။ ထိုကားအနားသို့ မဒီပိုးမြင့်ရောက်သွားတော့ ကားပေါ်မှ အရပ်ထောင်ထောင်မောင်းမောင်းနှင့် ခပ်ချောချောအမျိုးသားတစ်ဦးက ဆင်းလာသည်။ ထိုလူက မဒီပိုးမြင့် သူ့အနားရောက်လာတော့ ပြုံးရွှင်နေသည့် မဒီပိုးမြင့်ကို နူးနူးညံ့ညံ့ကြည့်ပြီး မဒီပိုးမြင့်၏ ဦးခေါင်းကို လက်ဖြင့် ပွတ်သပ်လိုက်သည်။ ထို့နောက် ကားထဲမှ ပစ္စည်းအစုံပါသည့် ခြင်းအကြီးကြီးတစ်ခုကို ထုတ်ယူလိုက်ရင်း မဒီပိုးမြင့်၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။ သူတို့ချင်းလည်း ရယ်မောလျက် စကားတွေ ပြောနေပေမဲ့ ခပ်လှမ်းလှမ်းမှာရှိသည့် ငွေတိုးအောင်တို့မှာတော့ ဘာတွေပြောနေသလဲ မကြားရပါ။

ထိုအခြင်းအရာကို နားမလည်နိုင်သည့် မျက်နှာဖြင့် ငေးကြည့်နေသည့် ငွေတိုးအောင်၏မျက်နှာအရိပ်အခြည်ကို ဘေးက သူငယ်ချင်းများကလည်း အကဲခတ်နေကြသည်။ ထိုအချိန် မဒီပိုးမြင့်က သူ့လက်ထဲ၌ ခြင်းတောင်းကို ဆွဲယူလာရင်း သူတို့အနားသို့ ပြန်ရောက်လာတော့သည်။ ငွေတိုးအောင်လည်း မနိုင်မနင်းဖြစ်နေသည့် မဒီပိုးမြင့်၏ ပုံစံကြောင့် ဝိုင်းကူဆွဲပေးလိုက်သည်။ သို့ပေမဲ့ ငွေတိုးအောင်မှာ ဘာစကားမှ ပြောမထွက်နိုင်၊ မျက်နှာညှိုးနွမ်းနေတော့သည်။

သူ ထိုသို့ ဖြစ်နေပုံကို မဒီပိုးမြင့်က ခေါင်းလှည့်ကြည့်ရင်း သတိထားမိသွားပေမဲ့ ဘာစကားမှ မပြောလာ။ ခြင်းတောင်းက လေးသည်မို့ သူလည်း မဒီပိုးမြင့်၏အဆောင်ရှေ့အထိ လိုက်ပို့ပေးလိုက်သည်။ အဆောင်ရှေ့ရောက်တော့ သန္တာက အဆောင်ထဲထဲကို အရင်ဝင်သွားသည်။ သူနှင့် မဒီပိုးမြင့်ကတော့ အပြင်မှာ နှစ်ယောက်အတူ ကျန်ခဲ့ကြသည်။ ထိုအခါ မဒီပိုးမြင့်က သူ့လက်ထဲမှ ခြင်းတောင်းကို ပြန်ဆွဲယူလိုက်ရင်း

HONEYSUCKLE [Completed]Kde žijí příběhy. Začni objevovat