18.

3.9K 445 15
                                    

(Unicode)

မင်းမွန်က ညနက်သည်အထိ ပြန်မလာတော့ ဇာနည်လည်း စိတ်ပူသွားမိသည်။ သို့ရာတွင် သူလည်း ခြံအပြင်မှာ ထွက်စောင့်နေပေမဲ့ မင်းမွန်၏အရိပ်အယောင်ကိုတောင် မတွေ့ရတာကြောင့် လက်လျော့လိုက်ရတော့သည်။ မင်းမွန်က တစ်ခါတလေကျလျှင် ဟိုဘက်ရပ်ကွက်က သူ့မိဘအိမ်မှာ သွားအိပ်တတ်သည်။ ယခုလည်း ထိုသို့ပင် ဖြစ်လိမ့်မည်။ ထို့​ကြောင့် ဇာနည်လည်း ထပ်မစောင့်တော့ဘဲ အိမ်ထဲပြန်ဝင်ပြီး အနားယူလိုက်သည်။

နောက်တစ်နေ့ မိုးသောက်ချိန်၌ အိမ်မကြီးတံခါးအား တဒုန်းဒုန်း ထုသံကြားရ၍ သူ့မှာ မထချင်ထချင်နှင့် ထလာရသည်။ သို့ဖြစ်၍ သူ အိမ်တံခါးအား ခပ်မြန်မြန် ဆွဲဖွင့်လိုက်ရာ ရုတ်တရက် အပြင်မှ လူတစ်စုက သူ့ထံသို့ လူတစ်ယောက်ကို ပစ်သွင်းလာတော့သည်။ ထိုအခါ သူပါ ထိုလူ့အား လှမ်းထိန်းရင်း သမံတလင်းပေါ် လှဲကျသွားမိသည်။

ထို့ကြောင့် သူလည်း သူ့ကို မှီပြီး ပျော့ခွေကျနေသည့်လူကို သေချာကြည့်လိုက်တော့ မင်းမွန် ဖြစ်နေတာ တွေ့လိုက်ရသည်။ မင်းမွန်၏မျက်နှာတစ်ခုလုံးသည် ခြင်ကိုက်ဖုများဖြင့် နီရဲနေပြီး သူ့လက်တွေမှာပါ ထိုကဲ့သို့ ဖြစ်နေသည်။ မင်းမွန်ကတော့ လူသေကောင်ကြီးလို အိပ်နေလေသည်။ ထို့အပြင် သူ့ခန္ဓာကိုယ်မှလည်း အရက်နံ့ကို စူးစူးရွားရွား ရသည်။

" ဟျောင့် မင်းမွန်၊ ထစမ်း "

သူ လှုပ်နှိုးနေပေမဲ့ မင်းမွန်က မထလာတာကြောင့် သူလည်း အိမ်ပေါက်ဝက လူတွေကို ကယောင်ကတမ်းနှင့် ပြန်ကြည့်လိုက်မိသည်။ ထိုလူတွေက အိမ်အနီးနားဝန်းကျင်မှ အိမ်ထောင်သည်ဦးလေးကြီးများဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူတို့ကလည်း သူတို့နှစ်ယောက်၏အခြေအနေကို အကဲခတ်နေပြီးနောက် တန်းပြောလာတော့သည်။

" မင်း အိမ်ကမလား အဲ့​ကောင်လေးက ၊ လမ်းထိပ်က ဆိုက်ကားဂိတ်မှာ ပေပြီး အိပ်နေတာတွေ့လို့ ငါတို့ ခေါ်ချလာတာ။"

" ဗျာ... သူက ဘယ်လိုဖြစ်ပြီး "

" မင်းတို့ သူငယ်ချင်း အချင်းချင်း စကားများထားတာလား၊ သူက အပြင်ထွက် အိပ်နေတာ"

HONEYSUCKLE [Completed]Where stories live. Discover now