11.

4.9K 547 15
                                    

(Unicode)

မင်းမွန်သည် အလုပ်လုပ်နေရင်း ဇာနည့်ကို ချောင်းချောင်းကြည့်နေသည်။ ပထမတော့ ဇာနည်လည်း အမှုမဲ့အမှတ်မဲ့ပေမဲ့ နောက်ကျ သတိထားမိသွားသည်။ မင်းမွန်ကို ကြည့်ရတာ သူ့ဆီမှ အကူအညီတစ်ခုခုလိုချင်နေသည့် ပုံပင်။ အကူအညီက ကြီးပုံရ၍ သူ့အရိပ်အကဲကို အကဲခတ်နေပုံပဲ။

" ဇာနည်.."

" အေး "

အလုပ်ထဲ၌ စကားပြောလျှင် ခေါင်းဆောင်က အသံကျယ်ကြီးဖြင့် ငေါက်တတ်တာကြောင့် မင်းမွန်က သူ့ကို မသိမသာ တိုးတိုးလေး​ပြောလာသည်။

" မင်း ရည်းစားထားမကြည့်ချင်ဘူးလား။"

" အဆန်းကြီးပါလား ဟျောင့် ၊ မထားပါဘူး၊ ငါ့ပါငါ အေးဆေးနေပါရစေ။ "

" ဟိုနေ့က ရတီစိုး ဆိုရင်ရော။ "

"ဟာ... မင်း ဘာတွေ လာပြောနေတာလဲ။ ငါတို့က ခဏပဲ စကားပြောဖူးတာ။ ရည်းစားဖြစ်ရလောက်တဲ့အထိ ငါလည်း သူ့ကို သဘောမကျဘူး။ သူလည်း ငါ့ကို သဘောကျလာမှာမဟုတ်ဘူး။ "

" သူ သဘောမကျဘူးလို့ မင်းကို ဘယ်သူပြောလဲ။ "

ဇာနည်လည်း ခေါင်းတစ်ချက်ခါပြလိုက်ပြီး ကိုယ့်အလုပ်ကိုသာ အာရုံစိုက်လိုက်တော့သည်။ မင်းမွန်ကတော့ သူ့စကားကို အရေးမစိုက်၍ ရှုံ့မဲ့သွားလေသည်။

မင်းမွန်သည် ထိုမျှဖြင့် မရပ်သေး အလုပ်ဆင်းတော့လည်း သူ့ကို အပူလာကပ်ပြန်သည်။ သူ ရည်းစားထားတာ၊ မထားတာကို အရင်က အဲ့လောက်အရေးမစိုက်ဖူးသူက ထိုသို့ အတင်းကပ်နေလေတော့ အနည်းငယ် ထူးဆန်းသလို ခံစားလာရသည်။

" မင်း ဘာဖြစ်နေတာလဲကွာ။ "

" လုပ်ပါ ဇာနည်ရဲ့။ သူက မင်းကို သဘောကျတယ်တဲ့။ "

" ဒါပေမဲ့ ငါမှ သဘောမကျတာ။"

" မင်း သဘောမကျရင်လည်း ဒီအတိုင်းတွဲလိုက်လေ၊ နောက်တော့ သဘောကျလာမှာပေါ့။ သူက မဆိုးပါဘူးနော်။ "

" မင်းမွန်! မင်း ဘာလို့ ဒီလောက်လိုက်ဖြစ်နေတာလဲကွာ။ "

ဇာနည့်မှာ စိတ်ပေါက်ပေါက်ဖြင့် အော်လိုက်မိတော့သည်။ ထိုအခါ မင်းမွန်လည်း လဒမှိုင် မှိုင်ကျသွားသည်။ သူတို့ အခုရောက်နေတာ သူတို့နေသည့် ခြံရှေ့ဖြစ်သည်။

HONEYSUCKLE [Completed]Där berättelser lever. Upptäck nu