8.

6.6K 713 24
                                    

(Unicode)

ဇာနည်၏ခြေလှမ်းများက တဖြည်းဖြည်း နေရောင်ခြည်အောက်ကို ရောက်လာသည်။ အေးမြလတ်ဆတ်သည့် လေပြည်လေညင်း၊ ထွက်ကာစ နေရောင်၏ အနွေးဓာတ်ကို သူ့ကိုယ်၌ ကောင်းစွာ ခံယူလိုက်သည်။ ၆နှစ်အကြာမှ ပြန်လည်မြင်ခွင့်ရသည့် အပြင်လောက၏ အငွေ့အသက်ကို သူ ခပ်ပြင်းပြင်းရှိုက်သွင်းမိသည်။

" ဟေး! ဟေး ဇာနည်! "

ထိုအချိန် သူ့နာမည်ကို ခေါ်လိုက်သံကြောင့် ဘေးဘီကို တအံ့တသြ လိုက်ကြည့်မိသည်။ အပြင်လောကမှာ သူ့သွေးသားရင်းချာဟူ၍ မရှိတော့တာကြောင့် သူလွတ်လာမည့် ရက်ကို အထူးတလည် လာရောက်ကြိုမည့်လူမှ မရှိပါ။ အခု ကြားလိုက်ရသည့် အသံက ဘယ်ကလာသလဲ။

သို့တစေ သူ အသံပိုင်ရှင်ကို ရှာကြည့်နေတုန်း ပြေးလာရ၍ မောဟိုက်နေသည့် လူတစ်ယောက်က သူ့အရှေ့မှာ ရပ်လိုက်လေသည်။ ထိုလူမှာ သူ့ကိုပင် မော့မကြည့်နိုင် တဟောဟောတဟဲဟဲဖြင့် ဒူးပေါ်လက်ထောက်လျက် အမောဖြေနေလေသည်။ ဇာနည်မင်းဆွေလည်း ဘယ်သူလဲဆိုသည့် အမူအယာမျိုးဖြင့် ငုံ့ကြည့်နေမိရာ သူ့ရှေ့မှ လူဟာ အမောပြေသွားတော့ ချက်ချင်းတည့်တည့်မတ်မတ်ပြန်ရပ်လိုက်ပြီး သူ့ကို မျက်နှာချင်းဆိုင် ကြည့်လိုက်သည်။

" ဇာနည်! မင်း လွတ်လာပြီနော်... ငါ မင်းကို ကြိုဖို့ ရောက်လာတာ။ "

" မင်းက ဘယ်သူလဲ။ "

" ဟင် "

ဇာနည်မင်းဆွေသည် သူ့ရှေ့ကလူကို ရင်းနှီးသလို ခံစားရပေမဲ့ လုံးဝ မမှတ်မိဖြစ်နေသည်။ သူ့စကားကြောင့် အရှေ့က တစ်ယောက်ကတော့ သူ့ကို ကြောင်ကြည့်လာပြီး စိတ်မကောင်းဖြစ်သွားပုံ ရသည်။

" အေးပေါ့ကွာ၊ မင်းလည်း ဒီထဲနေတာ ကြာနေတာကိုကွ! ငါလည်း အခုတလော အရမ်းချောလာတော့ မင်းမမှတ်တော့တာ ဖြစ်နိုင်ပါတယ်။ ငါက မင်းမွန်ကွ။ "

" ဘာ! မင်းမွန်လား။ ဟာ... ဟုတ်တယ် မင်းပဲ။ မင်း အရမ်းကြည့်ကောင်းလာတယ်ကွ။ "

" ဟဲဟဲ မင်းမှတ်မိပြီပဲ။  လာ ပြန်ရအောင်... ငွေပုအမေက သူမအားလို့ ငါ့ကို လာကြိုခိုင်းလိုက်တာ။ "

HONEYSUCKLE [Completed]Where stories live. Discover now