ဝင်္ကပါ (မှတ်တမ်း - ၆)

4.4K 726 873
                                    

Unicode 📌

"ရပ် ... ရပ် ကားကို"

တစုံတရာအား တွေ့လိုက်မိသောကြောင့် အထိတ်တလန့်နဲ့ တားမြစ်လိုက်တဲ့ နမ်ဂျွန်းစကားသံသာ ဟိန်းကနဲ ထွက်သွားပေမဲ့ ကျန်တဲ့သူ တစ်ဦးတစ်ယောက်မျှကတော့ အထူးအဆန်းကို မတွေ့မမြင်မိသည့်ပုံစံဖြစ်နေခဲ့လေသဖြင့် ထိုအရာအပေါ် နမ်ဂျွန်း အံ့သြသင့် မှင်သက်သွားမိတယ်။

သူတို့အားလုံး တကယ်ပဲ မမြင် မတွေ့ကြလေသလား။ ကားမီးရောင်ရဲ့ အကူအညီဖြင့် သူ သေချာမြင်တွေ့နေရပါသော လမ်းလည်တည့်တည့်မှာ ရပ်နေလေတဲ့ အမျိုးသမီးတစ်ယောက်ကိုလေ။

သေသေချာချာ တိတိကျကျပြောပြရရင် ခါးထက်ကျော်သော ဆံပင်ရှည်ကြီးကို ဖားလျားချထားလျက်ဖြင့် အဖြူညစ်ညစ် ဂါဝန်ကားကားကြီးကို ဝတ်ထားပါသော ထိုအမျိုးသမီးကို သူတစ်ယောက်သာ ထင်ထင်ရှားရှား မြင်တွေ့နေရတာ ဘာကြောင့်လဲ။
ဘာ့အတွက်ကြောင့်လဲ။

"ဘာတွေ့လို့လဲဟင် ဂျွန်း"

ဟိုဆော့မေးလိုက်တဲ့အသံနဲ့အတူ တပြိုင်ထဲ

"ဘာတွေ့လို့လဲ"

"ဘာတွေ့လို့လဲ"

ဟူသည့် ဆော့ဂျင်နဲ့ ယွန်းဂီတို့ရဲ့ အဆောတလျင် မေးသံတွေကို သူကြားနေမိပေမဲ့ ပြန်ဖြေဖို့အတွက်က အာစေးမိနေသလို ။

ကားရှေ့မလှမ်းတလှမ်းမှာ မြင်နေရတဲ့ ပုံရိပ်အပေါ်၌သာ နမ်ဂျွန်း အကြည့်မခွာမိခဲ့ ။

သို့ပေမဲ့ ခေါင်းငိုက်စိုက်ငုံ့ထားခဲ့တဲ့ ထိုအမျိုးသမီးက သူတို့ရဲ့ကား သူမအနား တ​ရိပ်ရိပ် နီးကပ်သွားတဲ့အခါမှာတော့ ခေါင်းကတဖြေးဖြေး မော့လာပြီးနောက် သူတို့ရှိရာဆီ (အထူးသဖြင့်) သူရှိရာဆီသို့ အကြည့်စူးစူးရောက်ကာ ခပ်ဖြေးဖြေးချင်း ပြုံးရယ်၍ လာလေတယ်။ 

လှပသော အပြုံးဟု မဆိုထိုက်၊ ကြောက်မက်ဖွယ်အပြုံး၊ ထိတ်လန့်စေသောအပြုံး။

ဟာ.....။

ထိုဖြူဖျော့ဖျော့မျက်နှာကြီးကို လျှပ်တပြက်ပဲ နမ်ဂျွန်း မြင်မိသွားတဲ့အခိုက်ဝယ်တော့ သွေးပျက်မတတ်လန့်သွားမိတော့တယ်။

ဝင်္ကပါထဲက သရဲစံအိမ် [Completed]Where stories live. Discover now