အခန်း (54.1)

Start from the beginning
                                    

....................

W အခြေစိုက်စခန်းရဲ့ မြင့်မားတဲ့ မျှော်စင်ပေါ်မှာ ချောမောခန့်ညားတဲ့ တစ်ယောက်ရယ်၊လှပနူးညံ့တဲ့တစ်ယောက်ရယ် ဘေးချင်းယှဉ်ပြီး မတ်တပ်ရပ်နေကြတယ်။

"ယီကောနဲ့ရှောင်မူတို့ ဘာလို့ပြန်မလာကြသေးတာလဲ??"

မူဖေးတစ်ယောက် စိုးရိမ်စိတ်နဲ့ ညီးတွားနေတယ်။ဖုတ်ကောင်ဘုရင်ကိုသတ်ဖို့ ချင်းယီတို့နဲ့အတူလိုက်သွားချင်ပေမယ့် ကြံ့ခိုင်မှုနဲ့အမြန်နှုန်းမှာ သူတို့နှသ်ယောက်ကို မယှဉ်နိုင်တဲ့အတွက် အငြင်းခံလိုက်ရတယ်။

"ကြည့်ရတာ တစ်ခုခုဖြစ်နေတာများလား"

ကျန်းစစ်လော့က သာမာန်အမူအရာဖြစ်အောင် ထိန်းညှိနေပေမယ့် လေသံကတော့ အေးစက်နေဆဲပါပဲ....

"ဘာလိုပြောလိုက်တာလဲ ရှောင်လော့!!"

"အိုးးး သူတို့နှစ်ယောက်ကိုပြောဖို့မေ့နေတာရှိတယ်။ဖုတ်ကောင်ဘုရင်ဆိုတာ ရှားပါးနတ်ဆိုးနှစ်ကောင်ကိုပေါင်းထားတာ...သတိရှိရှိနဲ့မရှောင်နိူင်ရင် ကိစ္စပြတ်ပဲ...."

ကျန်းစစ်လော့က ပုခုံးတွန့်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်တယ်။

"ရူးနေတာလား!!!ကျန်းစစ်လော့!!"

မူဖေး ဒေါသထွက်နေတဲ့အပြင် အတော်လေးလဲ တုန်လှုပ်ခြောက်ခြားမိနေတယ်။

ကျန်းစစ်လော့က မျက်နှာကို လက်နဲ့အုပ်ထားပေမယ့် ပုခုံးနှစ်ဖက်ကတော့ တသိမ့်သိမ့်တုန်နေတယ်။
ကျန်းစစ်လော့ နောင်တရနေပြီထင်သွားတဲ့ မူဖေးက ကျန်းစစ်လော့ရဲ့မျက်ဝန်းတွေထဲက ပီတိဖြစ်မှုတွေကို မြင်လိုက်ရတဲ့အခါ အရာရာမှေးမှိန်သွားသလိုခံစားလိုက်ရတယ်။

"အကြောက်တရား၊ဒေါသ၊နာကျင်မှု...ဟားး အရသာရှိလိုက်တာ...ငါ့ကိုနာကျင်အောင်လုပ်ထားတဲ့သူတိုင်းဆီကနေ အကြွေးတွေတစ်ခုချင်းစီပြန်တောင်းပြမယ်!!"

ကျန်းစစ်လော့ မူမမှန်တာကို မူဖေးသတိမထားမိလိုက်ပေ...ဒါကလဲ အရင်တစ်ခေါက်ကလို နတ်ဆိုးအသွင်ပြောင်းတုန်းကနဲ့ကွာခြားနေတာကြောင့်လဲဖြစ်နိုင်ပါတယ်။လက်ရှိမှာ ကျန်းစစ်လော့ကလူချမ်းသာသခင်လေးတစ်ယောက်လို နှုတ်ခမ်းရဲရဲ၊သွားဖြူဖြူလေးနဲ့ဆိုတော့.....

How to die as heavy as mount TaiWhere stories live. Discover now