အခန်း (54.1)

Start from the beginning
                                    

လုဟန်ကတော့ ချင်းယီလောက် တည်ငြိမ်မနေနိုင်ခဲ့ဘူး... ချင်းယီကို ဆွဲထူလိုက်ပြီး....

"ဒူးထောက်လိုက်.."

လုဟန်ရဲ့ ပြင်းထန်ပြတ်သားတဲ့အမိန့်သံကိုကြားလိုက်တာကြောင့် ချင်းယီတစ်ယောက် မိန်းမောတွေဝေနေရာကနေ သတိပြန်ဝင်လာပြီး ဒူးထောက်လိုက်တယ်။

"ငါပြောတဲ့အတိုင်း လိုက်ဆို..."

လုဟန်က ရှေ့ကနေ တိုင်ပေးလိုက်တယ်။

"ယွင်လန်နဲ့ ချင်းယီတို့သည် ကောင်းကင်တာအိုကိုသက်သေထားပြီး တိုင်တည်ပါသည်။ယနေ့မှစ၍ အကျွန်ုပ်တို့သည် တာအိုလက်တွဲဖော်အဖြစ်နဲ့ ကျင့်ကြံရေးခရီးလမ်းကို အတူတကွလျှောက်လှမ်းကြပါတော့မည်"

ချင်းယီတစ်ယောက် အူလည်လည်နဲ့ လုဝန်တိုင်ပေးသမျှကို လိုက်ဆိုခဲ့တယ်။

လုဟန်က ချင်းယီကို သစ်ပင်ကြီးတစ်ပင်အောက်ကို ဆွဲခေါ်သွားလိုက်ပြီး.....

"ဒီသစ်ပင်အောက်မှာ ဖုံးကွယ်ခြင်းအစီအရင်ဆွဲလိုက်!!"

ချင်းယီကလဲ လုဟန်ပြောသမျှကို တစ်သွေမတိမ်းလိုက်နာနေတယ်။

ပြီးတာနဲ့ လုဟန်က ချင်းယီရဲ့ခါးကိုဖက်လိုက်ပြီး အကြီးဆုံးနဲ့ အခိုင်ခံ့ဆုံးသစ်ကိုင်းပေါ်ကို ခုန်တက်လိုက်တယ်။

ချင်းယီရဲ့ဘောင်းဘီကို လုဟန်ဆွဲချွတ်နေချိန်မှာ ချင်းယီရဲ့စိတ်တွေလွတ်ထွက်တော့မလိုဖြစ်နေပြီး....

"ဆရာတူအစ်ကို...မဟုတ်မှ....??!!"

"အချိန်မရှိတော့ဘူး...အမြန်ဆုံးနည်းနဲ့ ကျင့်ကြံရေးအဆင့်တက်အောင်လုပ်မှဖြစ်မယ်"

ဒီအခြေနေကို ယောက်ကျားမှန်ရင် အကုန်သဘောပေါက်နေလောက်ပြီလေ....ချင်းယီက လုဟန်ကို ပေါင်ပေါ်ဆွဲတင်လိုက်တယ်။

မြေပြင်ပေါ်မှာ အလင်းဖျော့ဖျော့ထုတ်လွှင့်နေတဲ့ အမြူတေတွေကို သစ်ပင်ပေါ်ကနေ တဖွားဖွားကြွေကျလာတဲ့သစ်ရွက်တွေဖုံးလွှမ်းသွားခဲ့လေပြီ.....

[TN:အေး...ရေလှိုင်းခတ်လိုက် သစ်ရွက်ကြွေလိုက်နဲ့ နင်တို့အတွဲကြောင့် သဘာဝတရားကြီးကို ချစ်တတ်လာပြီသိလား😐]

How to die as heavy as mount TaiWhere stories live. Discover now