Extra 💮

411 32 63
                                    

<< Unicode >>

He is Mine ~~~

_Wedding Day_

မဂ်လာအခမ်းအနားပြီးပြီး ချင်း ဟန်းနီးမွန်းကို ကုန်းကျွင့်တို့ ဘိုးဘွားပိုင် ကြယ်တာရာအချစ်ရိပ် စံအိမ်သို့ သွားကြမည် ဖြစ်သည် ။အဖိုးလက်ထပ်ကရော ပါးပါး လက်ထပ်ကပါ နောက်ဆုံး ကိုကြီးတို့ လည်း ဟန်နီးမွန်းကို အဲ့စံအိမ်မှာ ပဲ ကုန်ဆုံးခဲ့ကြသည်။ ဒီတစ်ခါအလှည့်ကျတာကတော့ ကုန်းကျွင့်တို့ပေါ့။
ခက်တာက အရှုပ်ထုတ်နှစ်ယောက်ပါ လိုက်ပါမည်ဖြစ်သည် ။ဟန်းနီးမွန်းက နှစ်ယောက်ထဲထွက်ရတာပါ ကုန်းကျွင့်တို့အလှည့်ကြမှပဲ ဘယ်နှစ်ယောက်တောင်လည်းမသိ။

"ဟန့်ရေ လာခဲ့တော့လေ နောက်မို့ဆို မိုးချုပ်သွားလိုက်မယ် "

"လာပါပြီ မောင်ရာ .. သိပ်ကို လောတာပဲ "

"လောရမှာပေါ့ မလောရင် အဟမ်းး အချိန်တွေနှမြောစရာကြီး "

ငါးခူအပြုံးကြီးနဲ့​ပြုံးပြီး ပြောလာတဲ့ကုန်းကျွင့်ကြောင့် ကျယ်ဟန့်က ကုန်းကျွင့်လက်မောင်းကို ကိုက်ချပစ်လိုက်သည်

" အ့ အ့ နာတယ် ဟန့်ရ တစ်နေ့တစ်ခြားမောင့်ရဲ့ဟန့် က ခွေးပေါက်လေးနဲ့တူတူလာတယ် "

ကုန်းကျွင့်ဆိုသည်မှာ အသားနာခံပြီးတော့ကို စတဲ့သူဖြစ်သည် ဟိုခွေးပေါက်လေးကလည်း အလွှတ်မပေးပဲ လက်မောင်းကို ကိုက်ခဲထားလေရဲ့ ....

" ဒီ အတွဲ Roလို့ပြီးကြအုံးမှာလား ? "

အနောက်က ကလေးတစ်ဖက်နဲ့ ယွန်းယောင်းအသိပေးမှ ကျယ်ဟန့်က ကိုက်ထားရာကနေ ဖယ်ခွာသွားသည်

" ကလေး တို့ပြီးပြီလား? သွားကြမယ်လေ "

မဆိုသလောက် ရှက်ကိုးရှက်ကန်းဖြစ်ကာ ယွန်းယောင်းဆီက ကလေး ကို သူ့ဆီပြောင်းချီလိုက်ရင်း ကားထဲ၀င်သွားသော ကျယ်ဟန့်

" ကဲ လာခဲ့ အရှုပ်ထုပ်လေး သွားကြမယ် "

ကုန်းကျွင့်က ယွန်းယောင်းကို ပြောတော့ နေရာကမရွေ့ပဲ အင်တင်တင်လုပ်နေသည်

" ဘာရပ်လုပ်နေတာလည်း သွားမယ်လေ "

"မဟုတ်ဘူး အကိုလည်း လိုက်မှာမို့ "

You've reached the end of published parts.

⏰ Last updated: Nov 14, 2021 ⏰

Add this story to your Library to get notified about new parts!

He is Mine💝 (Completed)Where stories live. Discover now