4

354 43 6
                                    

<< Unicode >>

He is Mine ~~~

ကုန်းကျွင့်တို့ စီစဥ်ထားတဲ့အစီအစဥ်လေးဟာ အောင်မြင်သွားသည် အကိုကြီးဆုံးရဲ့မွေးနေ့ကို ည12နာရီတိတိမှာ ကျင်းပပေးနိုင်ခဲ့တယ်လေ
မနက်မိုးလင်းတော့လည်း မဂ်လာကိစ္စတစ်ခုက စီးကြိုလို့နေသေးသည်
အသက် 30ရှိပြီဖြစ်တဲ့ အကိုအကြီးဆုံးက simonအိမ်တော်ရဲ့ ပထမဆုံး ချွေးမကို ခေါ်ဆောင်လာလို့ပင်ဖြစ်သည်

ပါးပါးနဲ့မားမားက လည်း သဘောတူတာမို့ အပျော်တွေစုနေကြတာပေါ့
ဒီလိုနဲ့ မိသားစု ထမင်းစား၀ိုင်းလေးဟာလည်း ရယ်သံများဖြင့်ဖုံးလွှမ်းနေတော့သည်

" ကိုကြီးက ရေခဲတုံးကြီးဟာကို မမ က ဘယ်လိုကြိုက်သွားတာလည်း ကိုကြီးကရော ဘယ်လိုချစ်ရေးဆိုခဲ့တာလည်း "

ယွန်းယောင်းက ပုစွန်ထုပ်ကို ခက်ရင်းဖြင့် ထိုးရင်း ပါးစပ်ထဲထည့်ကာ ပလုတ်ပလောင်းဖြင့် မေးသည်

" ဟော ကလေးက စပ်စုလိုက်တာ ကိုကြီးကို အထင်သေးတာလားပြော "

ထို့အခါယွန်းယောင်းက ဇွန်းကိုချပြီး လက်နှစ်ဖက်ကိုခါရမ်းကာ

"မဟုတ်ဘူး မဟုတ်ဘူး ယောင်းက ကိုကြီးကို အထင်သေးလို့ပြောတာမဟုတ်ရပါဘူး ဒီတိုင်းသိချင်လို့ဟာကို နော့ ကိုကို "

သူ့ပါ့သာသူလည်း ဆင်ခြင်ပေးရင်း ကုန်းကျွင့်ကိုပါ စစ်ကူခေါ်တဲ့ ယွန်းယောင်းပါလေ

"ဒါပေါ့ ကိုကို့ကလေး သိချင်တာ ဖြစ်သင့်တယ် ကိုကိုလည်းသိချင်တယ် "

"ဟော ညီအကိုနှစ်ယောက်ပေါင်းပြီး မင်းကိုအနိုင်ကျင့်နေပြီ "

မားမားကပြောတော့အကိုကြီးက ပြုံးရင်

" ဟုတ်တယ် မားမားရေ "

"ကလေးရေ သူ့ကိုမမေးနဲ့ မမ ပြောပြမယ် ဒီလိုကွယ့် #$%&*"

ကိုကြီးနဲ့မမတို့ရဲ့အကြောင်းတွေပြန်ပြောပြရင်း ထမင်းစား၀ိုင်းလေးဟာ ပြီးစီးသွားတော့သည်

................................
မှန်ချပ်တွေနဲ့ပဲ ပတ်ပတ်လည် ကာရံထားတဲ့ စားသောက်ဆိုင်တစ်ခု ငါးထပ်မြောက် အထပ်ကိုတော့ တကယ့်ကို VVIPတွေအတွက်သာ သီးသန့်ပြုလုပ်ထားချင်းဖြစ်သည်

He is Mine💝 (Completed)Where stories live. Discover now