16

300 42 59
                                    

<< Unicode >>

He is Mine~~

" အ့ ကုန်းကျွင့် ကိုယ် လည်ပင်း အစ်နေပြီ "

ဟုတ်သည်လေ အဖျားငွေ့လေးနည်းနည်းရှိတာကို ဖျားမှာဆိုးတယ် နွေးနွေးထွေးထွေး ၀တ်ရမယ်ဆိုပြီး လူကို အနွေးထည်တွေရော ပဝါတွေရော ၀တ်ပေးနေတာ လူက လည်ပင်းအစ်သည်အထိ....

" ငြိမ်ငြိမ်နေပါ ဟန့်ရာ ....."

"ဘာလည်း ကိုယ်နေမကောင်းဖြစ်မှာ စိုးရိမ်နေတာလား ? "

"ဆုတောင်းလေ..... နေမကောင်းဖြစ်ရင် ကြမ်းရမ်းလို့ မရတော့မှာဆိုးလို့ "

ကုန်းကျွင့်စကားကြောင့် ကျယ်ဟန့် တစ်ယောက် တင်ပါးကြိမ်းသွားရသည်

"ကုန်းကျွင့် မင်းအဲ့တာပဲတွေးနေတော့မှာလားး? "

"အင်း ကောင်းတာကို.."

"ကုန်းကျွင့်!! "

ကျယ်ဟန့်အော်တော့ ကုန်းကျွင့်က သွားဖုံးတွေ ပေါ်တဲ့ထိ ရယ်တော့သည်

'ဘယ်လိုတောင် ရုပ်ဆိုးလိုက်သလဲ '

ကျယ်ဟန့်တို့ နှင်းလျှောစီးတဲ့ နေရာသို့ရောက်လာရသည်

"ဟန့် မောင်တို့ နှင်းလျှောစီးရအောင်လေ နော် "

"ကုန်းကျွင့်ကလည်း ကိုယ့်ဘက်ကိုမကြည့်ပေးဘူးလား နာနေပါတယ်ဆိုမှ လှုပ်လှုပ်ရှားရှားတွေပဲ လုပ်ခိုင်းနေတယ် "
ကျယ်ဟန့်က ချွဲချွဲနွဲ့နွဲ့လေးပြောတော့ ကုန်းကျွင့်တစ်ယောက်ခံနိုင်ရိုးလား

" အင်းပါ ဟန့်သဘော နောက်မှပဲ လာကြမယ်နော်"

ကျယ်ဟန့်က ကုန်းကျွင့်အား လှပတဲ့အပြုံးလေး ပြုံးပြသည် ထို့နောက် လက်ချင်းယှက်လို့ လမ်းလျှောက်ကြသည် ထိုင်ခုံလေးတစ်ခုတွေ့တာကြောင့်

" ကုန်းကျွင့် ကိုယ်တို့ ခဏထိုင်ကြရအောင် လမ်းမလျှောက်နိုင်တော့ဘူး "

"ဟန့် သဘော "

ထိုင်ခုံလေးမှာ ထိုင်ရင်းး ကုန်းကျွင့်ရဲ့ပခုံးပေါ် ခေါင်းမှီကာ မျက်လုံးလေးကို မှိတ်ထားမိသည်

' ကိုယ်တို့နှစ်ယောက် ရဲ့ နေ့ရက်တွေက ကုန်တော့မှာပါလားး '

He is Mine💝 (Completed)Where stories live. Discover now