11

284 43 20
                                    

<< Unicode >>

He is Mine~~~

မှန်အနက်တွေ နဲ့ပြုလုပ်ထားတဲ့အခန်းတစ်ခု အထဲကနေ အပြင်ကို ဖောက်ထွင်း​မြင်နိုင်ပေမယ့် အပြင်ကနေ အထဲကို မြင်ဖို့ကတော့ ခက်ခဲလွန်းသည် ပြောင်လဲ့နေသော မှန်တွေနဲ့ပဲ လုပ်ထားသော စားပွဲပေါ်ထက် ၀ိုင်ပုလင်းအမဲလေးကို တင်ထားသည် ပုလင်းထဲက ၀ိုင်နီနီတွေကို ဖန်ခွက် ၀ိုင်း၀ိုင်းလေးထဲ ထည့်ကာ အလှကြည့်နေမိသည်

" ကုန်းကျွင့် လောင်ရှီး ရောက်ပါပြီ "

အပြင်ဘက်က ၀န်ထမ်းလေးရဲ့ အသံအဆုံးမှာ အသံကြည်ကြည်ဖြင့် ပြောလိုက်သည် 

" ၀င်ခဲ့ခိုင်းလိုက် "

နီနီရဲရဲ ဆေးရောင်ခြည်ထားတဲ့ နှုတ်ခမ်းပါး က နာကျင်မှုကြောင့် တဆက်ဆက် တုန်ယင်နေမိသည် ချစ်တယ်ဆိုတာ ကိုယ်ချစ်တဲ့သူရဲ့ အကောင်းအဆိုးတွေကိုကအစ ချစ်ပေးနိုင်မှာ ချစ်တယ်လို့ပြောသင့်တယ် ။ လျိုယွီ ဆိုသော သူသည်လည်း ကျယ်ဟန့် ရဲ့ ကောင်းခြင်းဆိုးခြင်းတွေကို ချစ်ပေးနိုင်သည် ကျယ်ဟန့် ချစ်တဲ့သူတွေကိုလည်း လိုက်ချစ်ပေးနိုင်သည် ထိုသူထဲတွင်တော့ ကုန်းကျွင့် ဆိုသော သူမပါပေ ကျန်းကျယ်ဟန့်က ကုန်းကျွင့်ကို သေလောက်အောင်ချစ်လေ လျိုယွီကတော့ ကုန်းကျွင့်ဆိုသူကို သေလောက်အောင်မုန်းလေပါပဲ။ 

" Mrs ရှင်းးက ဘာကိစ္စရှိလို့ ကျွန်တော့ကို တွေ့ချင်ရတာလည်းး ? "

ကုန်းကျွင့်က ပြုံးနေသည် လှောင်ပြုံးမမည်နဲ့ လှောင်ပြုံးနဲ့ပေါ့

" ရှင်နဲ့ ကျယ်ဟန့် အကြောင်း ကျွန်မအကုန်သိပြီးပြီ "

" အာ သိသွားတော့လည်း ကောင်းတာပေါ့ နောက်မို့ဆို ဖွင့်ပြောဖို့က အားနာနေရအုံးမယ်မလားး ? "

"နောက်ဆုတ်ပေးပါလား ကျယ်ဟန့်က အချိန်တန်ရင် ကျွန်မကို ပဲရွေးချယ်မှာလေ "

ထိုအခါကုန်းကျွင့်က ပါးစောင် ကို လျှာဖြင့်ထိုးရင်းး  ဟုတ်လို့လားဆိုသည့် အမူအရာမျိုး လုပ်ပြသည်  လျိုယွီ လက်ဖဝါးတွေက လက်သီးစုပ် အဖြစ်ပြောင်းလဲသွား ကာ မဲ့ပြုံးတစ်ခုကိုဖန်တီးသည် 

He is Mine💝 (Completed)Where stories live. Discover now