<< UNicode >>
He is Mine~~~
ကျယ်ဟန့် တစ်ယောက် နေရောင်ခြည်စူးစူးကြောင့် မျက်လုံးများကို မဖွင့်ချင်ဖွင့်ချင် နှင့် ဖွင့်လိုက်ရသည် ထို့နောက် အိပ်ချက်မူးတူး ဖြင့် ထထိုင်ရင်း လက်လေးဖြင့်လည်း မျက်လုံးနှစ်ဖက်ကို ပွတ်သတ်နေသည်
" အရမ်းမပွတ်နဲ့လေ မျက်လုံးတွေ နာကုန်မယ် "
အသံသြရှရှလေးကြောင့် ကျယ်ဟန့်က ဘေးဘက်ကိုကြည့်မိသည့်အခါ ကုန်းကျွင့်က ကုတင်ဘေးက ထိုင်ခုံလေးမှာ ထိုင်နေတာကို တွေ့လိုက်ရသည်
" ဟင် မောင်... မင်း photo shooting
ရှိတယ်မဟုတ်ဘူးလား ?? ""အွန်း ရှိတယ် 9:00 စမှာလေ "
ကျယ်ဟန့်က ကုတင်ခေါင်းရင်းမှာရှိတဲ့ သူ၏လက်ပတ်နာရီလေးအား လှမ်းယူကာ အချိန်ကိူကြည့်သည်
" 8နာရီတောင် ခွဲနေပြီ ဘာလို့မသွားသေးတာလည်းး?? "
"ဟန့် မနိုးသေးလို့လေ ဟန့်နိုးလာတဲ့အချိန်ကျ တစ်ယောက်ထဲဖြစ်နေမှာဆိုးလို့ shootingကို နည်းနည်းနောက်ဆုတ်ခိုင်းလိုက်တယ်"
ဘာရယ်မဟုတ် ကျယ်ဟန့် နွေးထွေးသွားသလို ခံစားလိုက်ရသည် ထိုကောင်လေးက မနေ့က သူပြောခဲ့တဲ့စကားတွေကို မှတ်ထားခဲ့သည်တဲ့လား အခု က သူ့ရဲ့လိုအပ်ချက်ကို ဖြည့်စည်းပေးနေတာလား ??
ကုန်းကျွင့် က သူတွေးနေတာကို သိနေသည့်အလား ကုတင်အစွန်းဘက်ကို လာထိုင်ကာ သူ့အား ဖက်တွယ်လာသည်
" မောင် ရှိတာမို့ ဟန့် အထီးကျန်မှုကို မခံစားစေရဘူး လို့ ပြောခဲ့တယ်မလားး အခုချိန်က စပြီး ဟန့်နိုးထလာတဲ့အချိန်တိုင်းမှာ မောင်ရှိနေပေးမယ် ဟန့်လိုအပ်နေတဲ့ အချိန်တိုင်းမှာ မောင်ရှိနေမှာမို့ ဘာမှ မတွေးပဲ ပျော်ပျော်နေရမယ်နော် "
ကျယ်ဟန့်ရဲ့ လက်တွေက ကုန်းကျွင့်ခါးတစ်၀ိုက်၌ ရစ်တွယ်လာပြီး
" အင်း မောင် ရှိနေပေးလို့ ငါပျော်ရတယ် "
"ဟုတ်ပါပြီဗျာ လာခဲ့ မောင် မျက်နှာသစ်ပေးမယ် "
" ငါ ကလေးမဟုတ်တော့ဘူး မောင် "
"မသိဘူးကွာ မောင်လုပ်ပေးချင်လို့ဟာကို မောင့်မျက်လုံးထဲတော့ ဟန့်က ကလေးလေးပဲ "
![](https://img.wattpad.com/cover/280251926-288-k292047.jpg)
YOU ARE READING
He is Mine💝 (Completed)
FanfictionGong Jun 💙 Zhang Zhehan Jung Chanwoo 💖 Song Yunhyeong