18 (Final)

483 49 74
                                    

<< Unicode >>

He is Mine~~~

ကုန်းကျွင့် သတ်သေတယ်ဆိုတဲ့ သတင်းက ဟိုးလေးတကြော်ကြော် ဖြစ်သွားခဲ့ပါသည် မဂ်လာ ပွဲစခါနီး ၀င်လာတဲ့ဖုန်းcall လေးကို ကျယ်ဟန့် ကိုင်လိုက်မိသည်

" ကုန်းကျွင့် အခုဆေးရုံမှာ "

တုန်လှုပ်သွားမိတာမို့ ဖုန်းလေးက ကြမ်းပြင်ထက် ပြုတ်ကျသွားရ သည်

'ကျွန်တော်သေမယ်ဆိုရင်တောင် ဒီမဂ်လာပွဲကို ဆက်လုပ်မယ်ပေါ့ '

နားထဲပြန်ကြားယောင်လာတဲ့ စကားတွေဟာ နှလုံးသားကို အရှိန်ပြင်းပြင်းနဲ့ပစ်ခတ်လိုက်တဲ့ မြှားတစ်စင်းလို ....
ဘာလို့လည်း သူဖြစ်စေချင်ခဲ့တာ ဒီလိုမဟုတ်ဘူးလေ ကုန်းကျွင့်က သူ့ကို စိတ်နာပြီး ဘ၀အသစ် ရှာဖွေစေချင်ယုံသာ.....

"ကျယ်ဟန့် မဂ်လာပွဲစတော့မယ် "

နေရာယူဖို့ သတိပေးနေတဲ့ မိန်းကလေးကိုလည်း ဂရုမစိုက်နိုင်ပါပေ။

"ကျယ်ဟန့် ! "

" ဟင့်အင်း သူ့ကိုအဆုံးရှုံးမခံနိုင်ဘူး !"

ထို့နောက်ခြေလှမ်းတွေဟာ မဆုတ်မနှစ်ပဲ လမ်းမထက်ပြေးထွက်သွားမိသည်
အရူးတစ်ယောက်လို ဘယ်ဘက်ကို ဦးတည်ရမလည်း မသိဖြစ်နေသည် အသိစိတ်တွေက လွှင့်စင်ကာ ကုန်းကျွင့်ကို စိတ်ပူမိတဲ့ အကြောင်းအရာတစ်ခုမှ လွှဲ၍ ကျန်တာမစဥ်းစားနိုင်တော့......
လူတွေဟာ တစ်ခါတစ်ရံမှာ သိပ်ကို နားလည်ရခက်ပါသည်

ကားတစ်စီးက ကျယ်ဟန့်ရှေ့ ရပ်တန့်လို့သွားသည်

"လျိုယွီ "

တအံ့တသြနဲ့ထွက်ကြလာတဲ့သူမရဲ့ အမည်နာမလေး

" တက် ငါအကုန်သိပြီးပြီမို့ လိုက်ပို့ပေးမယ် "

အင်းးး တစ်ခါတစ်ရံမှာ လူတွေက အချိန်မှီအမှားပြင်ဆင်တက်ကြပါသေးသည်
ဆေးရုံရှေ့ ကားရပ်လိုက်ပြီဆိုတာနဲ့ ကျယ်ဟန့်ဟာ ဆေးရုံထဲပြေး၀င်သွားပါတော့သည်

" ကုန်းကျွင့် "

အခန်းနံပါတ်မေးကာ ထိုအခန်းအားရှာဖွေမိနေသည် လျိုယွီကလည်း သူ့နောက်ကနေ လိုက်နေရသည်

He is Mine💝 (Completed)Where stories live. Discover now