7🚨

411 43 8
                                    

<< UNicode >>

He is Mine~~~

"Appa...ကျယ်ဟန့်ကို လက်ထပ်ပွဲအမြန်စီစဥ်ဖို့တိုက်တွန်းပေးပါ "

"ဟင် သမီးပြောတော့ သူစိတ်ပါတဲ့အချိန်မှ လုပ်ပါစေဆို ?? အတင်းကြပ်မလုပ်ချင်ဘူးဆို ??"

" လျိုယွီ့ ကို မေးခွန်းတွေပြန်မမေးပါနဲ့နော် လျိုယွီပြောတဲ့အတိုင်းပဲ Appa လုပ်ပေးပါ "

"ဟုတ်ပါပြီ ဟုတ်ပါပြီ "

ဥက္ကရှင်း ထွက်သွားတဲ့အခါမှာတော့ လျိုယွီ သည် တစ်စုံတစ်ယောက်ကို ဖုန်းဆက်ကာ

" ကျယ်ဟန့် နဲ့ အခုရက်ပိုင်းတွေမှာ နီးနီးကပ်ကပ် ရှိတဲ့ ယောကျာ်းလေးမှန်သမျှ ကို စုံစမ်းပေးပါ ပြီးရင် အချက်လက်တွေပို့လိုက် "

"......"

"အင်း သူဘယ်သွားတယ် ဘယ်လာတယ်က အစ စုံစမ်းနော် သူနဲ့ပတ်သတ်ပြီး အကုန် သိချင်တယ်"

လူတွေက ချစ်မိတဲ့အခါ ပိုင်ဆိုင်ချင်တဲ့ အတ္တလေးက ပါလာပြီးသားလေ ငါဒီတစ်ခါတော့ အတ္တကြီးပါရစေ ကျယ်ဟန့် .....
.................................

\ကျောင်းအုပ်ကြီး အခန်း\

"ကျွန်တော် က ဒီကျောင်းကို ရှယ်ယာတွေအများကြီး ထည့်ထားတာ အားယားလို့များထင်နေလား "

ကုန်းကျွင့်က စားပွဲခုံပေါ်က ကျောင်းအုပ်ကြီး ဆိုတဲ့ တံဆိပ် ဖန်တုံးလေးတစ်လျှောက် လက်ညှိုးဖြင့် ပွတ်ဆွဲရင်း ပြောသည်

"........."

ထို့နောက် ဆိုဖာပေါ် ထိုင်နေတဲ့ ကျောင်းအုပ်ကြီးအားး ခပ်ထေ့ထေ့အပြုံးပြုံးပြရင်း

" ကျွန်တော်တို့ ကလေးတွက် လုံခြုံမှုအပြည့်အ၀မပေးနိုင်ရင်တော့........ "

" တောင်းပန်ပါတယ် နောက်တစ်ခါအဲ့လိုမဖြစ်စေရပါဘူး "

"ထောင်...ချမှာ.. "

ကုန်းကျွင့်ရဲ့ အေးစက်စက်စကားသံအဆုံးမှာ ကျောင်းအုပ်ကြီး ခဗျာ မျက်လုံးပြူးသွားရတော့သည်

" ကုန်းလောင်ရှီးး သူတို့က ကျောင်းသားတွေပဲရှိပါသေးတယ် ညှာတာပါအုံးး "

He is Mine💝 (Completed)Where stories live. Discover now