1🚨

1.1K 65 19
                                    

<< Unicode >>

He is Mine ~~~

" နွေဦး project အတွက် အကုန်စီစဥ်ပြီးသွားပြီပေါ့ "

" ဟုတ်ကဲ့ သူဌေး နွေဦး နဲ့ကိုက်ညီမဲ့ brandကို ရွေးချယ်ပြီး ၀တ်မယ့်သူတွေ လည်းအဆင်ပြေစေရန် အသေးစိတ် ကအစ တိတိကျကျ လုပ်ဆောင်ထားပါတယ် "

Company ရဲ့ ပင်တိုင် designer က ပြောတာကြောင့် ခေါင်းငြိမ့်ပြမိသည်

" အဲ့တာဆို ဒီတစ်ခေါက် brand အတွက် မော်ဒယ်က ဘယ်သူ့ကို စဥ်းစားထားကြလည်း "

" ဒါရိုက်တာတွေ ရော ၀န်ထမ်းတွေရော ထောက်ခံပေးနေတဲ့ မော်ဒယ် တစ်ယောက်တော့ရှိတယ် ဒါမဲ့ "

ကောင်မလေးက ဆက်မပြောပဲ အင်တင်တင်ဖြင့် ခက်ခဲနေဟန် ရှိတာကြောင့် ကျန်းကျယ် ဟန် စကား စပေးမိသည်

" ဘာလို့လည်း သူက အဆင်မပြေလို့လား "

"အမှန်တိုင်းပြောရရင် design တွေအားလုံးက သူနဲ့ဆို လုံး၀ပြိုင်ဘက်ကင်းဖြစ်သွားမှာ ဒါမဲ့လေ သူက အလုပ်လက်ခံတာရှားတယ် အဆင်မပြေမှာဆိုးလို့ "
" မော်ဒယ် တွေနဲ့ပတ်သတ်တာက မင်းတို့ပဲတာ၀န်ယူလိုက်ပါ ကိုယ်က အဲ့ဘက်မှာ မကျွမ်းကျင်ဘူးလေ ဘာပဲဖြစ်ဖြစ် ကြိုးးစားကြည့်လိုက်ပါ အဆင်မပြေတော့လည်း ဘာတက်နိုင်မှာလည်း နောက် မော်ဒယ်ပြောင်းရမှာပေါ့ "

"ဟုတ်ကဲ့ "

ကျန်းကျယ်ဟန် အစည်းဝေးခန်းထဲက ထွက်ထွက်ချင်း phone calledတစ်ခု၀င်လာသည်

" အင်း ပြော "

....................

" ကုန်းကျွင့် ရာ အဲ့Company က နာမည်ကြီး ကွ အဲ့Companyနဲ့
အလုပ်အတူတူ တွဲလုပ်ချင်တဲ့ မော်ဒယ်တွေများ များလွန်းလို့ မင်းမှာအခွင့်ရေး ရှိတာကို ဘာလို့ လက်မခံချင်တာ လည်း "

ကုန်းကျွင့် က တော့ ဂရုမစိုက်ဟန် ဘီရို ထဲက အကျ်ီ တစ်စုံကို ရွေးချယ်ပြီး ၀တ်နေသည် အင်္ကျီ၀တ်ပြီးသွားတော့ ကားသော့ကို ကောက်ယူလိုက်ကာ

" မင်းမနက်ထဲက အဲ့အကြောင်းပြောနေတာ မပြီးတော့ဘူးလား ငါ နားညီး လာပြီ Club သွားဖို့ လိုက်မှာလား မလိုက်ဘူးလားပဲပြော "

He is Mine💝 (Completed)Kde žijí příběhy. Začni objevovat