9

273 38 7
                                    

 << Unicode >>

He is Mine~~~

ရှင်းဥက္ကဌကြီး နှင့်မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ကျယ်ဟန့် ဖန်အကြည် ကရားအိုးလေးထဲက လက်ဖက်ရည် ဝါကျင့်ကျင့်လေးတွေကို ဖန်ခွက်ထဲ ငှဲ့ထည့်နေတာကြောင့် ကျယ်ဟန့်ကြည့်နေမိသည် ခွက်သေးးသေးလေးတစ်ခွက်ကို သူ့အား ကမ်းပေးလာတာမို့ လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်ရင်း ပါးစပ်ကလည်း
ကျေးဇူးတင်စကား ပြောမိသည်

"  ကျေးဇူးပါ "

ရှင်းဥက္ကဌက ကျယ်ဟန့်အား အပြုံးလေးဖြင့်အသိမှတ်ပြုရင်းး

" အန်ကယ်ပြောချင်တာက လက်ထပ်ပွဲကို အမြန်စီစဥ်စေချင်တယ် ကျယ်ဟန့်တို့အသက်ရွယ်ဆိုတာလည်း လက်ထပ်သင့်အချိန်ကို ကျော်နေပြီလေ အဲ့တာကြောင့် အချိန်မဆွဲစေချင်တော့ဘူး "

"......."

"အန်ကယ့်ရဲ့ တစ်ဦးတည်းသော သမီးလေးကို စိတ်ချမ်းသာစေချင်တယ်  သူမင်းအပေါ်ထားတဲ့ မေတ္တာကိုလည်း မင်းသိလောက်မှာပါ "

"ဟုတ်ကဲ့ ကျွန်တော်သိပါတယ် "

" အဲ့တာဆို အချိန်မဆွဲနေပဲ အမြန်စီစဥ်ကြရအောင် "
.
.
.
.
.
.
.
.
ကျယ်ဟန့် ခြေလှမ်းတွေကို လေးလေးပင်ပင်လျှောက်လှမ်းလာသည်
ရုံးခန်းတံခါးဖွင့်လိုက်တော့ ကုန်းကျွင့်က သူ၏စုံလည်ကုလားထိုင်ပေါ် ထိုင်နေတာကိုမြင်လိုက်ရသည် နေလည်းအတော်မြင့်နေသည်မို့ ကုန်းကျွင့်တို့  photo shooting ပြီးသွားသည်ထင် ။

" ဟန့် လာပြီလား မောင်စောင့်နေတာ "

" အင်းး "

ကျယ်ဟန့် မျက်နှာလေးက နွမ်းနေပုံရတာကြောင့် ကုန်းကျွင့် အလန့်တကြားဖြစ်သွားရသည်

" ဟန့် နေမကောင်းဘူးလား ? "

ထိုင်ခုံပေါ်က ထကာ ကျယ်ဟန့် နှဖူးလေးအား စမ်းကြည့်တော့ကိုယ်လည်းပူမနေ

" ဖက်ထားပေးး "

အသံဖျော့ဖျော့လေးနဲ့ ပြောလာတဲ့ ကျယ်ဟန့် ကြောင့် ကုန်းကျွင့်က တစ်ကိုယ်လုံးကို သိမ်းကြုံးဖက်လိုက်သည်
ကုန်းကျွင့်ရဲ့ခါးလေးအား ပြန်ဖက်လာတာမို့ သူက ကျယ်ဟန့်ကျောပြင်လေးအား ပုတ်ပေးရင်း

He is Mine💝 (Completed)Where stories live. Discover now