2

476 52 1
                                    

<< Unicode >>

He is Mine ~~~

ကျယ်ဟန် မနေ့ညက အဖြစ်ပျက်တွေကို ပြန်တွေး နေမိသည်
ယွဲ့ရန် က သူ့ကို သဘောကျနေတာ နည်းနည်း ရိပ်မိပေမယ့် ထိုလုပ်ရက်ကို လုပ်ရဲမည်ဟု မထင်ထားပေ သူဒီလို လုပ်တာ သူ့အဖေ ဥက္ကဌ လီ သိလောက်လား ထားပါလေ ကိုယ့်ဘက်ကပဲ ရှောင်ရတော့မှာပေါ့ဆေးခတ်ခံရတဲ့ အဖြစ်ကို ပြန်စဥ်းစားနေတုန်း အတွင်းရေးမှူး မလေးရဲ့ခေါ်သံကို ကြားလိုက်ရသည်

" CEO "

"အင်း ပြောလေ "

"Model ကုန်းကျွင့်က စာချုပ် ချုပ်ဖို့သဘောတူလိုက်ပြီး အဲ့တာ ညနေကျ စာချုပ်လာချုပ်မယ် ပြောတယ် "

"အာ ဟုတ်ပြီ ဒါနဲ့ ငါညနေ သွားစရာ "

"မရှိပါဘူး ဒီနေ့တစ်နေကုန် အားပါတယ် "

" ဟုတ်ပြီ သူလာရင် ငါ့ကို အကြောင်းကြားပေးပါ အာ ပြီးတော့ သံပုရာရည် တစ်ခွက် လောက် ဖျော်ပေး "

"ဟုတ်ကဲ့ သူဌေး "

.........................

ကုန်းကျွင့် တစ်ယောက် မနက် က ဟွမ်ယူမင်အား ဖုန်းဆက်ကာ ကျန်းကျယ်ဟန့် ရဲ့ အကြောင်းကို စုံစမ်းခိုင်းထားသည်

" ရော့ ဒီမှာ ကျန်းလောင်ရှီးရဲ့ အကြောင်း "

ဟွမ်ယူမင်က ဖိုင်တွဲတစ်ခုကို စားပွဲပေါ်ပစ်ချရင်းပြောသည်
ကုန်းကျွငိ့ရဲ့မျက်နှာချင်းဆိုင် ထိုင်ခုံ မှာ၀င်ထိုင်ရင်း

" ကုန်းကျွင့် မင်းထူးဆန်းနေတယ် "

ကုန်းကျွင့်က ဖိုင်ကို ကြည့်နေရင်း မျက်လုံး လှန် ကာ ဘာကထူးဆန်းနေတာလည်း ဆိုသည့် ဟန် ပြုလုပ်သည်

" မင်း အရင်က အဲ့လို စပ်စု တက်တဲ့သူမှမဟုတ်တာ ဘာလို့ ကျန်းCEO အကြောင်းကို သိချင်နေရတာလည်း ငါတို့ပေါင်းလာတဲ့ 16နှစ်အတွင်း မင်းဘယ်သူ့အကြောင်းမှ မစုံစမ်းခဲ့ဖူးပါဘူး  "

" အင်းး စိတ်၀င်စားလို့ "

ထိုအခါ ဟွမ်ယူမင်သည် တအံ့တသြ ပုံစံပြုလုပ်ကာ

" ဒါဆို မင်းး ••• "

" စိတ်၀င်စားတဲ့ အဆင့်ပဲရှိသေးတာ အိုဗာ တွေသိပ်မလုပ်နဲ့ ဟွမ်ယူမင် "

He is Mine💝 (Completed)Where stories live. Discover now